ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျယ်လာမာကယ်
(Angela Merkel) သည် ပိုလန် သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) အပါအဝင် အခြားသောအကြီးအကဲများနှင့်
တွေ့ဆုံသွားရန် ပိုလန်နိုင်ငံသို့ စက်တင်ဘာလ ၁၁ ရက်တွင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း
ဂျာမနီအစိုးရအဖွဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ယူအဲလ်ရီကီးဒဲမ်မာ (Ulrike
Demmer) ကပြောကြားခဲ့ပါသည်။ အဆိုပါ ခရီးစဉ်အတွင်း မာကယ်သည် ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်
မိုရာဂီခ်ကီ (Mateusz Morawiecki) နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ပိုလန်-ဂျာမနီဆက်ဆံရေး၊
ကုန်သွယ်ရေးသာမက ဥရောပနှင့် ကမ္ဘာတစ်ဝန်းတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော အရေး ကိစ္စများ
အား ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဂျာမနီသတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment