Saturday, September 11, 2021

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်ဆေး ထိုးနှံ ပေးခြင်း၊ ရောဂါပိုးစစ်ဆေးပေးခြင်း၊ စည်းမျဉ်းသတ်မှတ်ချက်များချမှတ်ခြင်းများ လုပ်ဆောင်လျက်ရှိသော်လည်း လူပေါင်း ၂,၀၀၀ ကျော်ပါဝင်သည့် လူစုလူဝေးတစ်စု သည် အစိုးရ၏အစီအစဉ်သစ်များအပေါ် ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြမှုတစ်ရပ်ပြုလုပ်ခဲ့ခြင်း

 တူရကီနိုင်ငံတွင် ကိုဗစ်-၁၉  ကပ်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်ဆေး ထိုးနှံ ပေးခြင်း၊  ရောဂါပိုးစစ်ဆေးပေးခြင်း၊ စည်းမျဉ်းသတ်မှတ်ချက်များချမှတ်ခြင်းများ လုပ်ဆောင်လျက်ရှိသော်လည်း လူပေါင်း ၂,၀၀၀ ကျော်ပါဝင်သည့် လူစုလူဝေးတစ်စု သည် အစိုးရ၏အစီအစဉ်သစ်များအပေါ် ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြမှုတစ်ရပ်အား စက်တင်ဘာလ ၁၁ ရက်တွင် အစ္စတန်ဘူမြို့၌ ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်း ဌာနက ထုတ်ပြန်ခဲ့ပါသည်။ ထို့ကြောင့် တူရကီအစိုးရအနေဖြင့် ပြည်တွင်း လေကြောင်းလိုင်း၊ ဘတ်စ်ကား၊ ရထားများတွင် လိုက်ပါစီးနင်းသူများနှင့် ဖျော်ဖြေပွဲ အခမ်းအနားတက်ရောက်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှုများပြုလုပ်၍ ရောဂါပိုးရှိ/မရှိ ထုတ်ပြန်ကြေညာခြင်းနှင့် ကာကွယ်ဆေးထိုးနှံရန် လိုအပ်သည့် အရေအတွက်အား ထုတ်ပြန်ခြင်းစသည့် ၎င်းတို့၏လုပ်ဆောင်ချက်များကို သက်သေ ပြရန်လိုအပ်လျက် ရှိပါသည်။ လက်ရှိအချိန်တွင် နိုင်ငံလူဦးရေ၏ ၆၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment