း
Anadolu Agency;Sept-13(Mon)
ယူကရိန်းနိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၂
ခုနှစ်အတွင်း တူရကီနိုင်ငံထုတ် Bayraktar TB2 အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် ၂၄ စင်းအား
ထပ်မံဝယ်ယူ သွားရန် စီစဉ်ထားရှိကြောင်း ယူကရိန်းနိုင်ငံ၏ စစ်ဦးစီးချုပ်
ဗာလီရီဇလူဇနီ (Valeriy Zaluzny) က စက်တင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။
လက်ရှိအချိန်၌လည်း ယူကရိန်းလေတပ်နှင့် ရေတပ်တို့တွင် Bayraktar TB2 မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ် ၁၂ စင်းအား
အသုံးပြုလျက်ရှိပြီး ၎င်းတို့အနေဖြင့် အနာဂတ်ကာလတွင် ပြည်တွင်းထုတ်မောင်းသူမဲ့လေယာဉ်များအား အသုံးပြုသွားရန်
ရည်ရွယ်ထားကြောင်း ဇလူဇနီက ပြောကြားခဲ့ပါသည်။ ၎င်းမောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များအား ဝယ်ယူ ထားရှိရန်သာမက
ထိရောက်စွာအသုံးချနိုင်ရန်လည်း လိုအပ်ကြောင်း ဇလူဇနီက အလေးထားပြောကြားခဲ့ကြောင်း သတင်းအရင်းအမြစ်များက
ဖော်ပြခဲ့ပါသည်။
ယူကရိန်းစစ်ဘက်သည် ၂၀၁၉ ခုနှစ်တွင် Bayraktar TB2 မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ် ၆ စင်းနှင့် မြေပြင်ထိန်းချုပ်ရေးစခန်း ၃ ခုအား တူရကီနိုင်ငံထံမှ ဝယ်ယူခဲ့ပြီး ယူကရိန်းရေတပ်သည် Bayraktar TB2 မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် ပထမအသုတ်အား ၂၀၂၁ ခုနှစ်၊
ဇူလိုင်လတွင် လက်ခံရရှိခဲ့ပါသည်။ တူရကီနိုင်ငံသည် Bayraktar TB2 မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များအား ၂၀၁၄ ခုနှစ်တွင် စတင် ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်တွင်
ယူကရိန်း၊ ကာတာနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့အပါအဝင် အခြားနိုင်ငံအများအပြား၌
အသုံးပြုလျက်ရှိပါသည်။ တူရကီနိုင်ငံသည် Bayraktar
TB2
မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များအား Euphrates
Shield ၊ Olive Branch နှင့် Spring Shield ကဲ့သို့သော နယ်စပ်ဖြတ်ကျော်
အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးများတွင် နှစ်ပေါင်းများစွာ
အသုံးပြုခဲ့ပါသည်။ ထို့ပြင် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့အကြား ၂၀၂၀
ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်မှစတင်၍
သီတင်းပတ် ၆ ပတ်အကြာဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း အဆိုပါမောင်းသူမဲ့လေယာဉ်
များသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ယူကရိန်းနှင့် တူရကီနိုင်ငံတို့သည်
၁၉၉၀ ပြည့်နှစ်တွင် နှစ်နိုင်ငံမိတ်ဖက် ဆက်ဆံရေးအား စတင်တည်ထောင်ခဲ့ကြပါသည်။ ထိုအချိန်မှစ၍
နှစ်နိုင်ငံအကြား ကောင်းမွန်သည့်ဆက်ဆံရေးများရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်
ရုရှားနိုင်ငံက ခရိုင်းမီးယား ဒေသအား သိမ်းပိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေမှာ
ပိုမိုခိုင်မာလာခဲ့ ပါသည်။ ထိုကဲ့သို့ ခိုင်မာအားကောင်းလာသည်နှင့်အမျှ နှစ်နိုင်ငံအကြား
စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများဆောင်ရွက်ခဲ့ကြပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍
နှစ်နိုင်ငံအကြား သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ၂၀၁၉ ခုနှစ် တွင်လည်း
ယူကရိန်းနိုင်ငံသည် တူရကီနိုင်ငံထုတ် မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် များအားဝယ်ယူခဲ့ပြီး
စစ်ရေးအင်အားအဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပါသည်။ ထိုကဲ့သို့ ဝယ်ယူအသုံးပြုရာတွင် အကျိုးရလဒ်ကောင်းများရရှိသည့်အတွက်
လက်ရှိအချိန်တွင်လည်း ထပ်မံ၍ဝယ်ယူရန်
စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ ယူကရိန်းနိုင်ငံအနေဖြင့် ထိုကဲ့သို့ဝယ်ယူရန် စီစဉ်ခြင်းသည် နိုင်ငံ၏စစ်ရေးစွမ်းရည်ကို
မြှင့်တင်နိုင်ရန်အတွက်ဖြစ်ပြီး မိတ်ဖက်နိုင်ငံ များနှင့် စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ရာတွင်
ပိုမိုကောင်းမွန်သည့်အကျိုးအမြတ်များ ရရှိနိုင်ရန်အတွက်ဖြစ်ပါသည်။ ထို့ပြင် Bayraktar မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် များအား အသုံးပြုခြင်းအားဖြင့်
နိုင်ငံအတွင်း အလားတူမောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ်များထုတ်လုပ်နိုင်ရန်
ယူကရိန်းနိုင်ငံအနေဖြင့် မျှော်မှန်ထားလျက်ရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍
ယူကရိန်းသည် တူရကီနိုင်ငံထုတ် မောင်းသူမဲ့တိုက်ခိုက်ရေး လေယာဉ်များအား
ဝယ်ယူခြင်းကြောင့် ၎င်း၏စစ်ရေးစွမ်းရည်မှာ ပိုမိုတိုးတက်မြင့်မား လာမည်ဖြစ်ပြီး
အာရှအလယ်ပိုင်းဒေသ၌ စစ်ရေးအင်အားတောင့်တင်းခိုင်မာသော နိုင်ငံတစ်နိုင်ငံအဖြစ်
ရပ်တည်နိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment