Wednesday, September 8, 2021

ရဝမ်ဒါနိုင်ငံခြားရေးဝန်ကြီးသည် တူရကီနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးသွားရောက်မည်ဆိုခြင်း

 

တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) ၏ ဖိတ်ကြားချက်အရ ရဝမ်ဒါနိုင်ငံခြားရေးဝန်ကြီး ဗီဆင့်ဘီရူတာ (Vincent Biruta) သည် တူရကီနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း  Anadolu Agency သတင်းဌာနက စက်တင်ဘာလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဘီရူတာ အနေဖြင့် အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် မျှော်မှန်းထားရှိပါသည်။  ဘီရူတာ၏ အထက်ပါခရီးစဉ်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်းမှစ၍ နှစ်နိုင်ငံအကြား သက်ဆိုင်ရာသံရုံးများဖွင့်လှစ်၍ တည်ဆောက်ခဲ့သည့် သံတမန်ဆက်ဆံရေးကဏ္ဍကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်ပါသည်။ ထို့ပြင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် အီတလီနိုင်ငံ၌ ဇွန်လအတွင်းကျင်းပပြုလုပ်ခဲ့သည့် ဂျီ ၂၀ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍကို တိုးမြှင့်ရေးအပါအဝင် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment