အီဂျစ်နှင့် တူရကီတို့အကြား ဆက်ဆံရေးကို ပြန်လည်တည်ဆောက်သွားမည်ဟု အီဂျစ်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း
Alarabiya; Sep-9 (Thu)
အီဂျစ်နှင့်
တူရကီနိုင်ငံအကြား ဖြစ်ပွားနေသောပြဿနာများကို ကျော်လွှား နိုင်ပါက တူရကီနှင့်သံတမန်ဆက်ဆံရေးကို ၂၀၂၁ ခုနှစ်အတွင်း ပြန်လည်တည်ဆောက်
နိုင်လိမ့်မည်ဟု အီဂျစ်ဝန်ကြီးချုပ် မူစတာဖာခါမယ်လ်မက်ဘိုလီ (Mostafa Kamal
Madbouly) က စက်တင်ဘာလ ၉ ရက်တွင် ပြောကြားခဲ့ပါသည်။ လစ်ဗျားနိုင်ငံအရေး ကိစ္စတွင်
တူရကီနိုင်ငံပါဝင်နေခြင်းသည် နှစ်နိုင်ငံအကြား
အဓိကပြဿနာတစ်ခုဖြစ် ကြောင်း မက်ဘိုလီက Bloomberg သတင်းဌာနနှင့်ပြုလုပ်သည့်
အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်။ အခြားနိုင်ငံများသည်
လစ်ဗျားနိုင်ငံ၏အရေးကိစ္စတွင် ဝင်ရောက် စွက်ဖက်ခြင်းမပြုသင့် သို့မဟုတ်
လစ်ဗျားနိုင်ငံအနေဖြင့် ဆုံးဖြတ်ချက်ချရမည့်အရေး ကိစ္စများတွင်သြဇာလွှမ်းမိုးရန် မကြိုးစားသင့်ကြောင်းနှင့်
လစ်ဗျားနိုင်ငံသားများအနေဖြင့် ၎င်းတို့၏အနာဂတ်ကို
ကိုယ်တိုင်ဆုံးဖြတ်သင့်ကြောင်း မက်ဘိုလီက ပြောကြားခဲ့ပါသည်။
အီဂျစ်-တူရကီတွေ့ဆုံဆွေးနွေးပွဲကို
ပြီးခဲ့သည့်လအနည်းငယ်အတွင်း မကြာခဏ ပြုလုပ်ခဲ့သော်လည်း နှစ်နိုင်ငံအကြား
အဖြေရှာမရသည့် အချို့သောကိစ္စရပ်များကျန်ရှိ လျက်ရှိပါသည်။
နိုဝင်ဘာလရွေးကောက်ပွဲတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနိုင် ရရှိခဲ့ချိန်မှစ၍
ဒေသတွင်းရပ်တည်ချက်ပြောင်းလဲလာခြင်းသည် အီဂျစ်နှင့်တူရကီနိုင်ငံ တို့အကြားတွင်
တင်းမာမှုအစိတ်အပိုင်းတစ်ရပ်ကိုဖြစ်ပေါ်စေခဲ့ပါသည်။ ထို့ပြင် တူရကီ နိုင်ငံသည်
အီဂျစ်နိုင်ငံနှင့်ဆက်ဆံမှုအဆင်မပြေသည့် ဆော်ဒီအာရေဗျ၊ ယူအေအီးနိုင်ငံ တို့နှင့်ချိတ်ဆက်ကာ
ဒေသတွင်း၌ ထောက်ပံ့မှုများလုပ်ဆောင်ခဲ့ပါသည်။
တူရကီနှင့် အီဂျစ်တို့အကြား ဆက်ဆံရေးသည် ၂၀၁၃ ခုနှစ်တွင်
မွတ်စလင်ညီနောင်များအဖွဲ့ကို ကျောထောက်နောက်ခံပြုထားသည့်
အီဂျစ်သမ္မတ မိုဟာမက်မော်စီ (Mohamed Mursi) ရာထူးမှဖြုတ်ချခံခဲ့ရပြီးနောက်
ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံသည် လစ်ဗျားနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြုအစိုးရအားထောက်ခံပြီး အီဂျစ်နှင့် ရုရှား နိုင်ငံတို့က ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာ (Khalifa Haftar) ဦးဆောင်သည့်တပ်ဖွဲ့အား
ထောက်ခံခဲ့ရာမှ နှစ်နိုင်ငံအကြား
ပဋိပက္ခများမှာ ပိုမိုနက်ရှိုင်းလာခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment