Saturday, September 25, 2021

တူရကီသမ္မတရုရှားနိုင်ငံထုတ်ခေတ်မီလေယာဉ်ဖျက်ဒုံးကျည်စနစ်များကိုဝယ်ယူသွားရန်စီစဉ်လျက်ရှိခြင်း

    တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ရုရှားနိုင်ငံထုတ် ခေတ်မီလေယာဉ်ဖျက်ဒုံးကျည်စနစ်များကို ဝယ်ယူသွားရန် စီစဉ်လျက် ရှိကြောင်း ဥရောပဒေသတွင်းသတင်းဌာနတစ်ခုက စက်တင်ဘာလ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် တူရကီအနေဖြင့် ရုရှား နိုင်ငံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူခဲ့ပြီးနောက် အမေရိကန်၏ F-35 ကိုယ်ပျောက်တိုက်လေယာဉ်ရောင်းချရေးအစီအစဉ်မှ ထုတ်ပယ်ခံခဲ့ရပြီး တူရကီ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများသည်လည်း အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်း ခံခဲ့ရပါသည်။ ထို့ပြင် တူရကီနိုင်ငံသည် အမေရိကန်နိုင်ငံမှ F-35 ကိုယ်ပျောက်တိုက် လေယာဉ်များကို ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ငွေပေးချေခဲ့ သော်လည်း အမေရိကန်ထံမှ တိုက်လေယာဉ်များ လက်ခံရရှိခဲ့ခြင်းမရှိကြောင်းနှင့် အမေရိကန်ထုတ် ပက်ထရီရော့ ဒုံးကျည်စနစ်များကိုလည်း ဝယ်ယူခွင့်မရရှိခဲ့ကြောင်း အမေရိကန်ရုပ်သံလိုင်း CBJ နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် အာဒိုဂန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment