Sunday, September 26, 2021

ချက်သမ္မတနိုင်ငံသည် အစ္စရေးနိုင်ငံထံမှ တာတိုနှင့်တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူသွားမည်ဖြစ်ခြင်း

 ချက်သမ္မတနိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ရာဖေးလ် (Rafael) ထံမှ တာတိုနှင့်တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူသွားမည်ဖြစ်ကြောင်း ချက်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ပြောဆိုချက်အရ တာတို နှင့် တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူရန်အတွက် အစိုးရချင်း ဆွေးနွေးညှိနှိုင်းမှုများကို အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယခုဝယ်ယူမှု အတွက် အမေရိကန်ဒေါ်လာ ၆၃၁.၈၁ သန်း ကျသင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ချက်သမ္မတနိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံလုပ် လေကြောင်းရန်ကာကွယ်ရေးစနစ် အား လက်ရှိအသုံးပြုနေသည့် ဆိုဗီယက်လုပ်လေကြောင်းရန်ကာကွယ်ရေးစနစ် နေရာတွင် အစားထိုးအသုံးပြုသွားမည်ဖြစ်ပါသည်။

No comments:

Post a Comment