Tuesday, September 28, 2021

ရုရှားနှင့် တူရကီသမ္မတတို့သည် ဆွေးနွေးမှုတစ်ရပ်ပြုလုပ်သွားရန်ရှိခြင်း

 ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီသမ္မတ အာဒိုဂန် (Erdogan) တို့အနေဖြင့် စက်တင်ဘာလ ၂၉ ရက်တွင်တွေ့ဆုံရာ၌ အကြောင်း အရာ ကဏ္ဍများစွာနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုကြမည် ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် (Dmitry Peskov) က စက်တင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။ ရုရှားနှင့်တူရကီ သမ္မတနှစ်ဦးတွေ့ဆုံရာတွင် လစ်ဗျားအရေးနှင့် ဆီးရီးယားအရေးတို့သည် ထိပ်တန်း ဦးစားပေးဆွေးနွေးပြောဆိုကြမည့် အကြောင်းအရာများဖြစ်လိမ့်မည်ဖြစ်ကြောင်းနှင့် အာဖဂန်နစ္စတန်နှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment