Tuesday, September 28, 2021

တူရကီသည် ရုရှာ စနစ်များထပ်မံဝယ်ယူမည်ဆိုပါက အမေရိကန်၏ ပိတ်ဆို့အရေးယူဒဏ်ခတ်မှုများ နှင့် ရင်ဆိုင်ရနိုင်ခြင်း

 နေတိုးမဟာမိတ်ဖြစ်သော တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ ဒုံးပျံကာကွယ်ရေး စနစ်များထပ်မံဝယ်ယူမည်ဆိုပါက အမေရိကန်၏ ပိတ်ဆို့အရေးယူဒဏ်ခတ်မှုများ နှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်များက သတိပေးပြောကြားခဲ့ပါသည်။ စက်တင်ဘာလ ၂၉ ရက်တွင် ရုရှားနိုင်ငံ၊ ဆိုချီမြို့၌ ပြုလုပ်မည့် တူရကီသမ္မတ အာဒိုဂန်နှင့် ရုရှားသမ္မတပူတင်တို့ တွေ့ဆုံမှုမတိုင်မီ အမေရိကန်အထက်လွှတ်တော်အမတ်များ၏ သတိပေးပြောဆိုမှုများ ထွက်ပေါ်လာ ခြင်းဖြစ်ပါသည်။ ထွက်ပေါ်နေသည့်သတင်းများအရ ဒုတိယမြောက် S-400 ဒုံးပျံ ကာကွယ်ရေးစနစ်ဝယ်ယူရောင်းချရေးမတိုင်မီ ရုရှားနှင့်တူရကီအကြား နည်းပညာ လွှဲပြောင်းပေးရေးနှင့် ပြည်တွင်းထုတ်လုပ်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းလျက် ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment