ဩစတြီးယားဝန်ကြီးချုပ် ဆီဘက်စတိန်ကာ့ဇ် (Sebastian Kurz) အနေဖြင့် ဆားဘီးယားနိုင်ငံသို့သွားရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဆားဘီးယား ဝန်ကြီးချုပ် အလက်ဇန်းဒါးဗူစစ် (Aleksandar Vucic) နှင့်တွေ့ဆုံ၍ အာဖဂန်နစ္စတန် နိုင်ငံမှ ဒုက္ခသည်များ ဥရောပသို့ဝင်ရောက်ခြင်းအားရပ်တန့်ရန်အတွက် ဆွေးနွေးခဲ့ ကြကြောင်း Euronews သတင်းဌာနက စက်တင်ဘာလ ၅ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း အာဖဂန်ရွှေ့ပြောင်းဒုက္ခသည်များအား အာဖဂန်နစ္စတန် နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများက လက်ခံသွားရန်လိုအပ်ကြောင်း ဝန်ကြီးချုပ် ကာ့ဇ်က ပြောကြားခဲ့ပါသည်။ ဩစတြီးယားနိုင်ငံသည် ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ခက်ခဲသည့်ကိုင်တွယ်ဖြေရှင်းမှုများကို ကာလကြာရှည်စွာ လုပ်ဆောင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစ၍ နိုင်ငံအတွင်း အရှေ့ အလယ်ပိုင်း၊ အာဖရိကနှင့် အာရှဒေသတို့မှ ဥရောပနိုင်ငံများသို့ဝင်ရောက်လာသည့် ဒုက္ခသည်ပေါင်း ၁ သန်းကျော်အထိရှိလာခဲ့ခြင်းတို့ကြောင့် အာဖဂန်နစ္စတန်နိုင်ငံမှ မည်သည့်ရွှေ့ပြောင်းနေထိုင်မှုမျိုးကိုမဆို လက်ခံသွားမည်မဟုတ်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment