ဂရိသည် F-35B တိုက်လေယာဉ်နည်းပညာကို အသုံးပြု၍ မောင်းသူမဲ့လေယာဉ်ကို တီထွင်သွားမည်ဆိုခြင်း
GreekReporter;Sep-3(Fri)
ဂရိနိုင်ငံသည် အမေရိကန်နိုင်ငံထုတ် F-35B အမျိုးအစား ပဉ္စမမြောက်မျိုးဆက် တိုက်လေယာဉ်နည်းပညာအသုံးပြု၍ မောင်းသူမဲ့လေယာဉ်ကို တီထွင်ထုတ်လုပ်လျက် ရှိကြောင်း GreekReporter သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံမှ ဒီဇိုင်း ရေးဆွဲထုတ်လုပ်သည့် မောင်းသူမဲ့လေယာဉ်အား လာမည့် ၂ နှစ်ခွဲအတွင်း အပြီးသတ် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း မောင်းသူမဲ့လေယာဉ်တည်ဆောက်ရေးစီမံကိန်းတာဝန်ခံ ကိုင်ရို့စ်ရာကင်သို့စ် (Kyros
Yakinthos) က ပြောကြားခဲ့ပါသည်။ အဆိုပါမောင်းသူမဲ့ လေယာဉ်ထုတ်လုပ်မှုအား ယခင်က မောင်းသူမဲ့လေယာဉ်များတွင် အသုံးပြုခြင်းမရှိ သေးသည့်စနစ်များနှင့် ဒေါင်လိုက်ပျံတက်၍ ဆင်းသက်နိုင်မည့် နည်းပညာများဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရာကင်သို့စ်က ပြောကြားခဲ့ပါသည်။ အဆိုပါ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ဂရိလေယာဉ်တည်ဆောက်မှု နည်းပညာလုပ်ငန်း ဖြစ်သည့် (Hellenic Aerospace Industry-EAB) အတွက် မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ပေးရန်ဖြစ်ကြောင်း ရာကင်သို့စ်က ထပ်လောင်းပြောကြားခဲ့ပါသည်။
ထို့ပြင် အင်ဂျင်နီယာများ၊ ဒီဇိုင်းရေးဆွဲသူများနှင့် လျှပ်စစ်ကျွမ်းကျင် ပညာရှင် များအပါအဝင် သိပ္ပံပညာရှင် ၃၀ ဦးမှ ၃၅ ဦးအထိပါဝင်သောအဖွဲ့သည် ဒရုန်း ထုတ်လုပ်မှုအား ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင်ရည်ရွယ်၍ အတူတကွလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ဂရိအစိုးရနှင့် EAB တို့သည် ဒရုန်းများအား စတင်စမ်းသပ်ထုတ်လုပ်မှုများပြုလုပ်သွားမည်ဖြစ်ပြီး တည်ဆောက်မှု အား အချိန်ကာလ ၂ နှစ်ခွဲ သတ်မှတ်ထားပါသည်။ ဂရိနိုင်ငံသည် ၎င်းဒရုန်းများကို အထူးတာဝန်များ၊ လုံခြုံရေးနှင့် ထောက်လှမ်းရေးလုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ပါသည်။ လက်ရှိတွင် ဂရိသိပ္ပံပညာရှင်များသည် DELAER RX-3 ကဲ့သို့ မောင်းသူမဲ့ ယာဉ်များအား စမ်းသပ်မှုများပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment