Sunday, September 26, 2021

ကိုဆိုဗိုနယ်စပ်ရှိ ဆားဘီးယားတပ်ဖွဲ့ဝင်များအား အမြင့်ဆုံးတပ်အသင့် သတိပေးမှု ပြုလုပ်ခဲ့ခြင်း

France24; Sep-26(Sun)

    ဆားဘီးယားအစိုးရသည် ကိုဆိုဗိုနယ်စပ်ရှိ ၎င်း၏တပ်ဖွဲ့ဝင်များအား စက်တင်ဘာလ ၂၆ ရက်တွင် အမြင့်ဆုံးတပ်အသင့်သတိပေးမှုပြုလုပ်ခဲ့ကြောင်း သတင်းအရင်းအမြစ်များက ရေးသားဖော်ပြခဲ့ပါသည်။ ကိုဆိုဗိုအနေဖြင့် ဆားဘီးယား နိုင်ငံနယ်စပ်သို့ အထူးရဲတပ်ဖွဲ့များစေလွှတ်ခြင်းသည် ရန်စသည့်လုပ်ရပ်တစ်ခုဖြစ် ကြောင်း ဆားဘီးယားအစိုးရက စွပ်စွဲပြောကြားခဲ့ပြီးနောက် အထက်ပါအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အယ်လ်ဘေးနီးယားလူမျိုးစုများ ဦးဆောင်သော ကိုဆိုဗို အစိုးရသည် မြို့တော် ပရစ္စတီနာ (Pristina)ရှိ အစိုးရဆန့်ကျင်ဆန္ဒပြလျက်ရှိသော လူနည်းစုဆာ့ဘ် (Serbs)လူမျိုးများ နေထိုင်ရာဒေသသို့ စက်တင်ဘာလ ၂၀ ရက်တွင် ရဲတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ချိန်မှစတင်၍ ဆားဘီးယားနိုင်ငံနှင့် ကိုဆိုဗိုတို့အကြား ဆက်ဆံရေးတင်းမာမှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

    ဆာ့ဘ်လူမျိုးများသည် ကိုဆိုဗိုအစိုးရ၏လုပ်ရပ်အပေါ် တုံ့ပြန်သည့်အနေဖြင့် နှစ်နိုင်ငံနယ်စပ်လမ်းကြောင်းတစ်လျှောက်တွင် ကားများဖြင့် ချီတက်ဆန္ဒပြခဲ့ကြ ပါသည်။ ဥရောပသမဂ္ဂသံတမန်အကြီးအကဲ ဂျိုးဇက်ဘော်ရယ် (Josep Borrell) သည် ဆားဘီးယားနှင့်ကိုဆိုဗိုတို့အကြား ဆက်ဆံရေးတင်းမာမှုကိုလျှော့ချရန် အထူးရဲတပ်ဖွဲ့ များကို ချက်ချင်းပြန်လည်ရုပ်သိမ်းရေးနှင့် လမ်းကြောင်းပိတ်ဆို့မှုများကို ဖယ်ရှားရေး တို့နှင့်ပတ်သက်၍ တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် နေတိုးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဂျန်စတိုတန်ဘာ့ခ်(Jens Stoltenberg) သည် ကိုဆိုဗိုနှင့် ဆားဘီးယား တို့အကြား လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများနှင့်ပတ်သက်၍ ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ်(Aleksandar Vucic)နှင့် ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti)တို့နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပါသည်။ သမ္မတ အလက်ဇန်းဒါးဘူစစ်သည် ကိုဆိုဗိုမြောက်ပိုင်းမှ အထူးရဲတပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းမှသာ ပုံမှန်လုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment