ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) နှင့် ရုရှား နိုင်ငံအခြေစိုက် Gazprom သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီ အကြီးအကဲ အဲလက်စီမစ်လာ (Aleksei Miller) တို့သည် ဟန်ဂေရီနိုင်ငံအတွက် ရေရှည်သဘာဝ ဓာတ်ငွေ့ထောက်ပံ့ရေး သဘောတူညီချက်အသစ်တစ်ရပ်အား လက်မှတ်ရေးထိုးနိုင်ရန် ဟန်ဂေရီနိုင်ငံ၊ မြို့တော် ဘူဒါပတ် (Budapest) ၌ စက်တင်ဘာလ ၂၇ ရက်တွင် ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အသစ်သည် အောက်တိုဘာလ ၁ ရက်တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ပြီး သဘောတူညီချက်သစ်အတွက် အခြေအနေကိစ္စရပ်အားလုံးကို ရုရှားနှင့်သဘောတူညီခဲ့ပြီးဖြစ်ကြောင်း ဟန်ဂေရီ နိုင်ငံက ပြီးခဲ့သည့်ဩဂုတ်လတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါသဘော တူညီချက်သည် ၁၅ နှစ်ကြာမြင့်မည်ဖြစ်ကြောင်းနှင့် သဘောတူညီချက်အရ Gazprom မှ ဟန်ဂေရီနိုင်ငံသို့ နှစ်စဉ် သဘာဝဓာတ်ငွေ့ကုဗမီတာ ၄.၅ ဘီလီယံအား ပို့ဆောင် သွားမည်ဖြစ်ကြောင်း ဆီဂျာတိုက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment