CGTN;Oct-13(Wed)
ဥရောပသမဂ္ဂ (EU) အားနည်းစေရန် EU
မှ ပိုလန်နုတ်ထွက်ဖွယ်ရှိသည် (Polexit) ဟူသောသတင်းများသည် အတိုက်အခံတို့ကပြုလုပ်ခဲ့သည့်
သတင်းမှားများသာ ဖြစ်ကြောင်း
ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) က အောက်တိုဘာလ ၁၂ ရက်တွင်
စွပ်စွဲပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ် မိုရာဝီခ်ကီသည် အောက်တိုဘာလ ၁၂ ရက်တွင်
ဟန်ဂေရီနိုင်ငံ၊ မြို့တော် ဘူဒါပတ် (Budapest) ၌ ကျင်းပခဲ့သည့် ဗဟိုဥရောပ ၄ နိုင်ငံအဖွဲ့
(Visegrad Group-V4) အစည်းအဝေးအပြီး အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ပိုလန်နိုင်ငံအနေဖြင့် EU မှ နုတ်ထွက်ရန်ဆန္ဒမရှိကြောင်းနှင့် လုပ်ကြံသတင်းအမှားများဖြန့်၍ EU အားနည်းအောင် ရည်ရွယ်ပြုလုပ်ခြင်းသာဖြစ်ကြောင်း
ဝန်ကြီးချုပ် မိုရာဝီခ်ကီက သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံ၏
အဓိကအတိုက်အခံ Civic
Platfrom ပါတီကမူ ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာမှတ်ချက်ပေးခဲ့ခြင်းမရှိကြောင်း
သတင်းအရင်း အမြစ်များက ဖော်ပြခဲ့ပါသည်။
EU ဥပဒေသည် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်းမရှိကြောင်း
နှင့် EU ဥပဒေထက် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေမှာပိုမိုအရေးပါကြောင်း
ပိုလန်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့က
အောက်တိုဘာလ ၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ပိုလန်ပြည်သူ ၁၀၀,၀၀၀ ကျော်က
ရုံးပိတ်ရက်အတွင်း နိုင်ငံတစ်ဝန်း၌ ဆန့်ကျင်ဆန္ဒပြမှု များပြုလုပ်ခဲ့ပါသည်။ ပိုလန်လက်ယာယိမ်းအစိုးရအဖွဲ့နှင့်
ဥရောပကော်မရှင်တို့သည် LGBTQ+ အခွင့်အရေးများ၊
ရွှေ့ပြောင်းအခြေချနေထိုင်သူအရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာတရားစီရင်ခွင့်
စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထား ကွဲလွဲမှုများမြင့်တက်လျက်ရှိပါသည်။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) သည်
ပိုလန်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့၏ဆုံးဖြတ်ချက်ကို ထောက်ခံ ခဲ့ပြီး EU အနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏
အချုပ်အခြာအာဏာတည်ရှိမှုကို လေးစားမှု ရှိရန် တောင်းဆိုခဲ့ပါသည်။ EU အဖွဲ့ဝင်နိုင်ငံများအနေဖြင့် EU ၏ စည်းမျဉ်းဥပဒေ
များကို လေးစားလိုက်နာရန်လိုအပ်ကြောင်း EU အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက် ဘော်ရယ် (Josep Borrell) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။သုံးသပ်ချက်
နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် EU စည်းမျဉ်းဥပဒေများထက်
ပိုမိုအရေးပါ၍ အာဏာရှိကြောင်း
ပိုလန်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့က အောက်တိုဘာလ ၇ ရက်တွင် ဆုံးဖြတ်ခဲ့ပါသည်။ ပိုလန်ခုံရုံးအဖွဲ့၏
အထက်ပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာတုံ့ပြန်မှု၊
သို့မဟုတ် အရေးယူမှုမပြုခဲ့လျှင် EU အဖွဲ့ ပြိုကွဲနိုင်သည့်
အလားအလာရှိကြောင်း EU အရာရှိများက
သတိပေးပြောကြားလျက်ရှိပါသည်။ EU အဖွဲ့ဝင်နိုင်ငံအဖြစ်ဆက်လက်နေထိုင်ရန်လိုလားသည့်
ပိုလန်ပြည်သူများသည် ပိုလန် ခုံရုံးအဖွဲ့၏ဆုံးဖြတ်ချက်ကိုဆန့်ကျင်သည့်
နိုင်ငံတစ်ဝန်းဆန္ဒပြမှုများကို အောက်တိုဘာလ ၁၀ ရက်တွင် ပြုလုပ်ခဲ့ပါသည်။ EU သည် ပိုလန်ခုံရုံးအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မကြာမီအချိန်အတွင်း
ပိုလန်အား ဒဏ်ကြေးဆောင်စေခြင်းနှင့်
ဖိအားပေးအရေးယူမှု တစ်စုံတစ်ရာပြုလုပ်လာနိုင်ဖွယ်ရှိသည်ကို တွေ့ရှိရပါသည်။ EU မှ ဗြိတိန်နုတ်ထွက်ပြီး နောက်တွင် EU အဖွဲ့ဝင်နိုင်ငံများသည်
စည်းလုံးညီညွတ်မှုလျော့ရဲလာလျက်ရှိခြင်း ကြောင့် EU အနေဖြင့်
ပိုလန်နိုင်ငံအပေါ် တစ်ဖက်သတ်အရေးယူမှုများ ပြုလုပ်လာမည် ဆိုပါက EU မှ ပိုလန်နုတ်ထွက်ဖွယ်မရှိသော်လည်း
ပိုလန်နှင့် EU တို့အကြား တင်းမာမှု များပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း
သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment