Tuesday, October 26, 2021

ချက်သမ္မတနိုင်ငံနှင့် ထိုင်ဝမ်တို့သည် နည်းပညာပူးပေါင်ဆောင်ရွက်ရေးနှင့် သဘောတူညီချက် ၅ ခုအား လက်မှတ်ရေးထိုးခဲ့ခြင်း

 ၅။        ထိုင်ဝမ်အစိုးရကိုယ်စားလှယ်အဖွဲ့သည် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေးနှင့် သတင်းအချက်အလက်မျှဝေရေးတို့အား တိုးမြှင့်လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ သဘောတူညီချက် ၅ ခုအား ချက်သမ္မတနိုင်ငံနှင့်လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း  focustaiwan သတင်းဌာနက အောက်တိုဘာလ ၂၆ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါ သဘောတူညီမှုများအား ချက်သမ္မတနိုင်ငံ၊ မြို့တော် ပရာ့ဂ် (Prague) တွင် အောက်တိုဘာလ ၂၅ ရက်၌ ပြုလုပ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည်။ ၎င်းသဘောတူညီမှုများမှာ ဆိုက်ဘာလုံခြုံရေး၊ အာကာသပူးပေါင်းဆောင်ရွက်ရေး၊ လျှပ်ကူးပစ္စည်းနည်းပညာ၊ အစိမ်းရောင်စွမ်းအင်နှင့် ခေတ်မီစက်ပစ္စည်း တီထွင်ထုတ်လုပ်ရေးကဏ္ဍတို့ဖြစ်ကြောင်း ထိုင်ဝမ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (National Development Council-NDC) က ထုတ်ပြန် ခဲ့ပါသည်။ ချက်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ်အတွင်း ထိုင်ဝမ်သို့ရောက်ရှိစဉ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောတူညီမှု ၃ ခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment