Sunday, October 17, 2021

တူရကီသမ္မတသည် အင်ဂိုလာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိလျက်ရှိခြင်း

 

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၁၇ ရက်တွင် အင်ဂိုလာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိခဲ့ပါသည်။ ၎င်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး မက်ဗလက် ကာဗူဆိုဂလူ (Mevlut Cavusoglu)၊ စွမ်းအင်နှင့်သဘာဝအရင်းအမြစ်ဝန်ကြီး ဖာတစ် ဒွန်းမက်ဇ် (Fatih Donmez)၊ ကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) နှင့် ကုန်သွယ်ရေးဝန်ကြီး မာမက်မူအက်စ် (Mehmet Mus) တို့လိုက်ပါခဲ့ပါသည်။ အာဒိုဂန် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် တူရကီ၏ပြည်ပစီးပွားဆက်ဆံရေး အဖွဲ့ (Turkey’s Foreign Economic Relations Board-DEIK)မှ ကြီးမှူးကျင်းပသည့် အင်ဂိုလာ-တူရကီစီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်သွားမည်ဖြစ်သည့်အပြင် နိုင်ဂျီးရီးယား နှင့်တိုဂိုနိုင်ငံများသို့လည်း ၎င်းနိုင်ငံမှတစ်ဆင့် ချစ်ကြည်ရေးခရီးဆက်လက်သွားရောက်မည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment