ဆလိုဗက်ကီးယားနိုင်ငံခြားရေးဝန်ကြီး အီဗန်ခေါကော့ခ် (Ivan Korcok) သည် ကာဇက်စတန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိလျက်ရှိကြောင်း Kaztag သတင်းဌာနက အောက်တိုဘာလ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း ခေါကော့ခ်သည် ကာဇက်စတန်သမ္မတ ကာဆင်ဂျိုးမတ်တိုကာရက် (Kassym-Jomart Tokayev) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရန်အတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ၎င်းတို့သည် ကာဇက်-ဆလိုဗက်ဆက်ဆံရေး အခြေအနေများအပါအဝင် ဒေသတွင်းလုံခြုံရေးနှင်ပတ်သက်၍လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ဆလိုဗက်ကီးယားနိုင်ငံခြားရေးဝန်ကြီး ခေါကော့ခ်၏ ချစ်ကြည်ရေး ခရီးစဉ်သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများတိုးတက်စေရန် အထာက်အကူ ဖြစ်စေမည်ဟု သမ္မတ တိုကာရက်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment