Keeptalkinggreece; Oct-24 (Sun)
ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) အနေဖြင့် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒအပါအဝင် ကဏ္ဍများစွာတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တစ်ရပ်အား ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ် (Liz Truss) နှင့် ပူးတွဲလက်မှတ်ရေးထိုးရန်အတွက် အောက်တိုဘာလ ၂၅ ရက်တွင် မြို့တော်လန်ဒန်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ အဆိုပါသဘောတူညီချက် သည် ပြင်သစ်၊ အမေရိကန်နှင့် ယူအေအီးနိုင်ငံတို့နှင့်ချုပ်ဆိုခဲ့သည့် သဘောတူညီချက် များကဲ့သို့ ကာကွယ်ရေးအတွက် သီးခြားမဟုတ်ဘဲ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အစဉ်အလာကောင်းမွန်သည့်ဆက်ဆံရေးများကို ပိုမိုနက်ရှိုင်းလာစေမည့် သဘော တူညီချက်မူဘောင်တစ်ခုဖြစ်ကြောင်း Eleftheros Typos' Sunday အစီအစဉ်နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုအတွင်း ဒန်ဒီရက်စ်က ပြောကြားခဲ့ပါသည်။
အထက်ပါသဘောတူညီချက်သည် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ခဲ့ပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေရေးအတွက် အခြေခံအုတ်မြစ်ချနေခြင်း ဖြစ်ကြောင်းလည်း ဒန်ဒီရက်စ်က အလေးအနက်ထား ပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံတကာဥပဒေနှင့် အိမ်နီးချင်းကောင်းနိုင်ငံများ၏ ဆက်ဆံရေးကောင်းမွန်မှုများ အပေါ်အခြေခံ၍ အနာဂတ်ကာလတွင် အပြန်အလှန်နားလည်မှုနှင့် လေးစားမှုတို့နှင့်အတူ နှစ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားများကို အဓိကထားကာကွယ်ပေးမည့် အခြားသော သဘောတူညီချက်များကိုလည်း ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဒန်ဒီရက်စ်က ဆက်လက် ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြား အမျိုးသားအကျိုးစီးပွားများ ကာကွယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မဟာမိတ်ဆက်ဆံရေးများ ကျယ်ပြန့်လာခြင်းသည် ဂရိ နိုင်ငံခြားရေးမူဝါဒအတွက် အဓိကကျသည့်အချက်တစ်ခုဖြစ်သည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။ ဗြိတိန်သည် ဂရိလွတ်လပ်ရေးကြိုးပမ်းမှုအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ကမ္ဘာစစ်နှစ်ခုအတွင်း အတူတကွတိုက်ခိုက်ခဲ့ကြသည့်နိုင်ငံ များဖြစ်ကာ ဗြိတိန်အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အပြင် ဆိုက်ပရပ်စ်တွင်လည်း အစောင့်အရှောက်အဖြစ် နှစ်နိုင်ငံတပ်ဖွဲ့များ
No comments:
Post a Comment