Dailymail; Oct-11 (Mon)
ရိုမေးနီးယားနိုင်ငံတွင်
ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌ လစ်ဘရယ်ညွန့်ပေါင်း အစိုးရအဖွဲ့အား အယုံအကြည်မရှိဆန္ဒမဲများဖြင့်
ဖြုတ်ချခဲ့ပြီးနောက်တွင် ဗဟိုပါတီ (Centrist
Party) ခေါင်းဆောင်ဖြစ်သူ ဒေရှန်ချာလို့စ် (Dacian Ciolos) အား ဝန်ကြီးချုပ်
အဖြစ် ရိုမေးနီးယားသမ္မတ ကလော့စ်လိုဟန်နစ်
(Klaus Iohannis)က အောက်တိုဘာလ ၁၁ ရက်တွင် အဆိုပြုခန့်အပ်ခဲ့ပါသည်။ ထို့ပြင်
သမ္မတ လိုဟန်နစ်သည် အစိုးရအဖွဲ့ ဖွဲ့စည်းရန်အတွက်
ချာလို့စ်အား တာဝန်အပ်နှင်းခဲ့ကြောင်းကိုလည်း ကြေညာခဲ့ပါသည်။ ချာလို့စ်သည် ၂၀၁၅
ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အိမ်စောင့်အစိုးရအဖွဲ့တွင်
ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။
၎င်းအနေဖြင့် တာဝန်ပေးအပ် ချိန်မှစတင်၍
အစိုးရအဖွဲ့၏တာဝန်များအား ထမ်းဆောင်သွားရန်နှင့် အခြားပါတီများနှင့် ညှိနှိုင်းဆွေးနွေးမှုများ
စတင်လုပ်ဆောင်သွားရန် အသင့်ရှိနေပြီဖြစ်ကြောင်း ချာလို့စ်က ပြောကြားခဲ့ပါသည်။ ရိုမေးနီးယားနိုင်ငံအနေဖြင့် အကျပ်အတည်းများမှကျော်လွှားနိုင်ရန်
လိုအပ်ပြီး ၎င်းရည်မှန်းချက်အတွက် နိုင်ငံရေးပါတီအားလုံးတွင် တာဝန်ရှိကြောင်း ၎င်းက
ပြောကြားခဲ့ပါသည်။
No comments:
Post a Comment