Anadolu Agency; Oct-11 (Mon)
ဩစတြီးယားဝန်ကြီးချုပ်
ဆီဘက်စတိန်ကာ့ဇ် (Sebastian Kurz) သည် အကျင့် ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးမှုခံနေရစဉ်
ရာထူးမှနုတ်ထွက်ခဲ့ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း အလက်ဇန်းဒါးချဲလန်ဘက်ဂ် (Alexander
Schallenberg) က ဩစတြီးယား ဝန်ကြီးချုပ်အဖြစ်
အောက်တိုဘာလ ၁၁ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သတင်း အရင်းအမြစ်များက
ဖော်ပြခဲ့ပါသည်။ ညွန့်ပေါင်းအစိုးရအနေဖြင့် နိုင်ငံရေးတွင် ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကိုတည်ဆောက်ရန်အတွက် ကြီးမားသည့်တာဝန်
ရှိကြောင်း အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား၌
ဩစတြီးယားသမ္မတ အလက်ဇန်းဒါး ဗန်ဒါဘဲလန်
(Alexander Van der Bellen)က ပြောကြားခဲ့ပါသည်။ ၎င်းအပေါ် ပြည်သူ များ၏ယုံကြည်အားကိုးမှုကို ပျက်စီးအောင်မလုပ်ဆောင်သင့်ကြောင်းနှင့်
ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၏ အရေးပါမှုနှင့်ပတ်သက်၍လည်း
သမ္မတ ဘဲလန် အလေးထားပြောကြား ခဲ့ပါသည်။
ထို့ပြင်
လစ်လပ်သွားသည့် နိုင်ငံခြားရေးဝန်ကြီးနေရာ၌ ယခင်ပြင်သစ်နိုင်ငံဆိုင်ရာ ဩစတြီးယားသံအမတ်ဟောင်းဖြစ်သူ
မိုက်ကယ်လင်ဟတ် (Michael Linhart) အား အစားထိုးခန့်အပ်ခဲ့ပါသည်။ လင်ဟတ်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၌
ရာထူး အမျိုးမျိုးကိုထမ်းဆောင်ခဲ့ပြီး ပြင်သစ်နိုင်ငံ၊ မြို့တော် ပါရီ (Paris)တွင်
သြစတြီးယား သံအမတ်ကြီးအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း
ဖြစ်ပါသည်။ လာဘ်ပေး လာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုနှင့် ယုံကြည်မှုကိုအလွဲ သုံးစားမှုတို့ဖြင့်
တရားစွဲဆိုခံ ထားရသော ဆီဘက်စတိန်ကာ့ဇ်အား စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လျက် ရှိပါသည်။
၎င်းနှင့်ပါတီဝင်အချို့သည် ၂၀၁၆-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း
ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ငွေကြေးများကိုအသုံးပြု၍
သတင်းဌာနတစ်ခုနှင့် အကြံပေးအဖွဲ့အား ငွေကြေးတရားမဝင် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု
စွပ်စွဲခံခဲ့ရပါသည်။ ဝန်ကြီးချုပ် ကာ့ဇ် ဦးဆောင်သော အစိုးရအဖွဲ့နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအား
လုံခြုံရေးတပ်ဖွဲ့များက အောက်တိုဘာလ ၆ ရက်တွင် ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖိအားပေးမှုများကြောင့် ဝန်ကြီးချုပ် ကာ့ဇ်အနေဖြင့် အောက်တိုဘာလ ၉ ရက်တွင် ရာထူးမှ
နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment