ခရိုအေးရှားနိုင်ငံဆိုင်ရာ အီရန်သံအမတ် ပါဗစ်ဇ်အက်မိုင်လီ (Parviz Esmaili) နှင့် ခရိုအေးရှားနိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး ဂေါ်ဒန်ဂါလစ်ရက်မန် (Gordan Grlic-Radman) တို့သည် ခရိုအေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၌ အောက်တိုဘာလ ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ၎င်းတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် မကြာသေးမီက အမေရိကန်၌ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးအတွင်း ရရှိခဲ့သော သဘောတူညီချက်များအား အကောင်အထည်ဖော်ဆောင်ရွက်သွားရန် သဘော တူညီခဲ့ကြပါသည်။ ထို့ပြင် အဆိုပါအစည်းအဝေးအတွင်း နှစ်နိုင်ငံအကြား ပြီးပြည့်စုံသော မိတ်ဖက်ဆက်ဆံရေးအား တိုးမြှင့်သွားရေး၊ စီးပွားရေးအခွင့်အလမ်းများနှင့် စွမ်းဆောင်ရည် များတိုးတက်လာစေရေးတို့နှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရှိ ရပါသည်။
No comments:
Post a Comment