တူရကီဘဏ္ဍာရေးဝန်ကြီး လက်ဖီအယ်လ်ဗန် (Lutfi Elvan) သည် အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သော ဂျီ-၂၀ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအတွင်း ဂျီ-၂၀ ဝန်ကြီးများသည် ကမ္ဘာ့နိုင်ငံများ၏ ငွေကြေးဖောင်းပွမှု ဖိအားများ၊ ကုန်ဈေးနှုန်းမြင့်တက်လာမှုများ၊ ကြွေးမြီတိုးမြှင့်မှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း အယ်လ်ဗန်က ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြခဲ့ပါသည်။ ထို့ပြင် ၎င်းသည် အီတလီစီးပွားရေးဝန်ကြီး ဒန်နီရယ်လဲ ဖရန်ကို (Daniele Franco) နှင့် စီးပွားရေးဆိုင်ရာဆက်ဆံရေးများ၊ တူရကီ-အီးယူ ဆက်ဆံရေးများအပါအဝင် မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment