တူရကီလုံခြုံရေးတပ်ဖွဲ့များသည် အီရတ်နှင့်ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ ကာ့ဒ် (PKK/YPG) အကြမ်းဖက်အဖွဲ့ဝင် ၈ ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း တူရကီအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ကာ့ဒ် အကြမ်းဖက်တပ်ဖွဲ့သည် အီရတ်နိုင်ငံမြောက်ပိုင်း၌အခြေစိုက်၍ တူရကီနိုင်ငံ၏ တောင်ပိုင်း နယ်စပ်များကိုဖြတ်ကျော်ကာ တူရကီနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကိုဆောင်ရွက် လျက်ရှိပြီး အလားတူလုပ်ရပ်များလုပ်ဆောင်ရန် ဆီးရီးယားမြောက်ပိုင်း၌ အခြေစိုက် စခန်းများတည်ဆောက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ တူရကီနိုင်ငံသည် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်အကြမ်းဖက်အဖွဲ့နှင့် အခြားအကြမ်းဖက်အဖွဲ့များအပေါ် ဆန့်ကျင် သည့် အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးကို ၂၀၁၉ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment