Sunday, October 24, 2021

 

    တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) သည် အမေရိကန်၊ ဗြိတိန်၊ ဂရိနှင့် စပိန်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများနှင့် အောက်တိုဘာလ ၂၁ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်(Brussels) မြို့၌ သီးခြားစီ တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့ပါသည်။ ၎င်းတွေ့ဆုံမှုအတွင်း ဒေသတွင်းကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ ယခုသီတင်းပတ်တွင် အီတလီနိုင်ငံ၊ ရောမ (Rome) မြို့၌ ကျင်းပပြုလုပ်မည့် ဂျီ-၂၀ ခေါင်းဆောင်များ၏ အစည်းအဝေးမတိုင်မီ အပြုသဘော ဆောင်သည့် အစီအစဉ်များပေါ်ထွက်လာစေရေးကိစ္စရပ်များအား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ တူရကီကာကွယ်ရေးဝန်ကြီးအနေဖြင့် ဂရိကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်လုပ်ဆောင် နိုင်ရန်အတွက် ဂရိနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အား တူရကီနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment