ချက်သမ္မတနိုင်ငံ သမ္မတ မီလို့စ်ဇီမန် (Milos
Zeman) သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော်လည်း
နိုဝင်ဘာလ ၂၈ ရက်တွင် ဝန်ကြီးချုပ်အသစ် ခန့်အပ်သည့်အခမ်းအနားအား ကျင်းပပေးခဲ့ကြောင်း
Independent သတင်းဌာနက နိုဝင်ဘာလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။
ဝန်ကြီးချုပ်အသစ်ဖြစ်သူ ပက်တာဖီအာလာ (Petr Fiala) သည် ပြီးခဲ့သည့်
အောက်တိုဘာလ လွှတ်တော်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဗဟိုလက်ယာယိမ်းမဟာမိတ်အဖွဲ့၏
ခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ သမ္မတဇီမန်သည်
ဝန်ကြီးချုပ်အသစ်ခန့်အပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ ဆေးဘက်ဆိုင်ရာ အကာအကွယ်အပြည့်အစုံဖြင့်
ဘီးတပ်ကုလားထိုင်ပေါ်တွင်လိုက်ပါ၍ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment