ဩစတြီးယားနိုင်ငံ၏ အာဏာရပြည်သူ့ပါတီ (People’s Party-OVP) ဥက္ကဋ္ဌ
ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဆီဘက်စတိန်ကာ့ဇ် (Sebastian
Kurz) အနေဖြင့် ရာထူးမှရုတ်တရက်နုတ်ထွက်ခဲ့မှုအပြီးတွင်
လက်ရှိဝန်ကြီးချုပ် အလက်ဇန်းဒါးချဲလန်ဘက်ဂ် (Alexander Schallenberg) သည်လည်း ရာထူးမှနုတ်ထွက်လာနိုင်မှုကြောင့် နိုင်ငံအား
ဦးဆောင်မည့် ဆက်ခံသူအား ရွေးချယ်တင်မြှောက်ရေးနှင့်စပ်လျဉ်း၍ ပါတီအဆင့်မြင့် အရာရှိများသည်
အစည်းအဝေးတစ်ရပ်အား ဒီဇင်ဘာလ ၃ ရက်တွင်ပြုလုပ်ခဲ့ကြ ပါသည်။ ကာ့ဇ်အနေဖြင့် OVP ပါတီဥက္ကဋ္ဌရာထူးမှနုတ်ထွက်ပြီး
နိုင်ငံရေးလောကမှ အနားယူတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အကျင့်ပျက်ခြစားမှုဆိုင်ရာ
စုံစမ်းစစ်ဆေးမှုများနှင့်ရင်ဆိုင်နေရသည့် ဝန်ကြီးချုပ် ကာ့ဇ် နုတ်ထွက်ပြီးနောက်
ချဲလန်ဘက်ဂ်သည် အစိုးရညွန့်ပေါင်းအဖွဲ့ဝင် Greens ပါတီ၏ ထောက်ခံမှုဖြင့် အောက်တိုဘာလ ၁၁ ရက်တွင် ဩစတြီးယားနိုင်ငံ၏ ဝန်ကြီးချုပ်
အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ်ပါသည်။
ကာ့ဇ်သည် ၂၀၁၇ ခုနှစ်၌ လွတ်လပ်ခွင့်ပါတီ (Freedom
Party) နှင့်မဟာမိတ် ဖွဲ့စည်းနိုင်ခဲ့မှုကြောင့် ဩစတြီးယားနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက်
လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်းများကို တင်းကျပ်စွာကိုင်တွယ်ဖြေရှင်းခဲ့သူ
တစ်ဦးဖြစ်ပါသည်။ ၎င်းအပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည့်အချိန်မှစ၍
OVP ပါတီသည် လူထုထောက် ခံမှုကျဆင်းလာခဲ့ပြီး လက်ရှိစစ်တမ်းများအရ အတိုက်အခံလူမှုဒီမိုကရက်တစ်ပါတီ
(Social Democratic Party-SPW) နှင့် ရင်ဘောင်တန်းနေရသည့်အခြေအနေနှင့် ကြုံတွေ့နေရပါသည်။ ညွှန့်ပေါင်းနိုင်ငံရေးပါတီများအကြား
တင်းမာမှုများဖြစ်ပေါ်လျက်ရှိ သော်လည်း
လက်ရှိအစိုးရအဖွဲ့အနေဖြင့် လွှတ်တော်သက်တမ်းကုန်ဆုံးမည့် ၂၀၂၃ ခုနှစ် အထိ နိုင်ငံအားအုပ်ချုပ်သွားနိုင်ဖွယ်ရှိသည်ဟု
လေ့လာသူများက သုံးသပ်လျက်ရှိ ကြောင်း သိရှိရပါသည်။
No comments:
Post a Comment