ကာတာ-တူရကီ (၇)ကြိမ်မြောက် မဟာဗျူဟာမြောက်ပူးတွဲကော်မတီ၏ အစည်းအဝေးကို ဒီဇင်ဘာလ ၁၇
ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့၌ ကျင်းပ သွားရန်စီစဉ်ထားကြောင်း
ကာတာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး ဒေါက်တာ မူစတာဖာဂုဆို (Dr Mustafa
Gukso) က ဒီဇင်ဘာလ ၄ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ဦးဆောင်၍
ဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ကျင်းပသွားမည်ဖြစ်ပါသည်။
အစည်းအဝေးအား ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ် ကြောင်းနှင့်
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ် ရေးထိုးသွားနိုင်ရန်
မျှော်မှန်းထားကြောင်း မူစတာဖာဂုဆိုက ထည့်သွင်းပြောကြားခဲ့
ပါသည်။ ကာတာ-တူရကီ ပူးတွဲကော်မတီအား ၂၀၁၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား သဘောတူညီချက် ၆၀ ကျော်ကိုလည်း လက်မှတ် ရေးထိုးထားပြီးဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment