အီတလီနှင့်တူရကီနိုင်ငံတို့သည်
ကောင်းမွန်သည့်မဟာမိတ်ဆက်ဆံရေးရှိပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလတ်ကာဗူဆိုဂလူ (Mevlut
Cavusoglu) က ဒီဇင်ဘာလ ၄ ရက်တွင် ပြောကြားခဲ့ပါသည်။
ကာဗူဆိုဂလူသည် တူရကီနိုင်ငံ၊ အန်တယ်ရာ (Antalya) မြို့၌ပြုလုပ်သည့် အီတလီကောင်စစ်ဝန်ရုံးဖွင့်ပွဲအခမ်းအနားတွင်
အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းအနေဖြင့်
အီတလီနိုင်ငံခြားရေးဝန်ကြီး လွိုင်ဂီ ဒီမိုင်အို (Luigi Di Maio) နှင့်လည်း
တွေ့ဆုံဆွေးနွေးမှုများနှင့် တယ်လီဖုန်းပြောဆိုမှုများ မကြာခဏပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်နှင့် ကုန်သွယ်မှုပမာဏအား အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံအထိ တိုးမြှင့်သွားရန်တို့ အတွက်လည်း
သဘောတူညီမှုများရရှိခဲ့သည်ဟု
၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment