Rmx.news; Nov-29 (Wed)
ပိုလန်ဗဟိုဘဏ်အနေဖြင့် နိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့်
ငွေကြေး ဖောင်းပွမှုအား လျော့ချနိုင်ရေးအတွက် ထိရောက်သည့်ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားမည်ဟု
ပိုလန်ဗဟိုဘဏ်အကြီးအကဲ အာဒန်ဂလက်ပင်စကီ (Adam
Glapinski) က ကတိပြုပြောကြားခဲ့ပါသည်။ ငွေကြေးဖောင်းပွမှုသည်
နှစ်ဆခန့်တိုးမြင့်လာနိုင်ကြောင်းနှင့် နိုင်ငံအတွင်း အလုပ်အကိုင်လိုအပ်ချက်များ
ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက ငွေကြေးဖောင်းပွမှုများ ထပ်မံတိုးမြင့်လာနိုင်သည့် အပြင်
နိုင်ငံအများစုမှာဆယ်စုနှစ်အတွင်း ငွေကြေးဖောင်းပွမှုအမြင့်ဆုံးအဆင့်သို့ ရောက်ရှိလျက်ရှိကြောင်း
ဂလက်ပင်စကီက ဆက်လက်ပြောကြားခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ အရင်းအမြစ်များနှင့်
ဓာတ်ငွေ့ဈေးနှုန်းများမြင့်တက်မှု၊ ဥရောပဒေသ အတွင်း
ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်ခြင်းနှင့် လျှပ်စစ်ဓာတ်အားဈေးနှုန်း အပေါ် သက်ရောက်မှုရှိသည့်
ဥရောပသမဂ္ဂ၏ရာသီဥတုဆိုင်ရာ မူဝါဒများကြောင့် ၂၀၂၂ ခုနှစ်၊ ပထမသုံးလပတ်ထိ
ငွေကြေးဖောင်းပွမှုများ ဆက်လက်မြင့်မားနေမည်ဖြစ်ကြောင်း ဂလက်ပင်စကီက
ရှင်းလင်းပြောကြားခဲ့ပါသည်။
ပိုလန်နိုင်ငံအတွင်း
နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်းသည် ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှင့်
ကိုက်ညီမှုရှိသည့်အပြင် အဆိုပါငွေကြေးရင်းနှီးမြှုပ်နှံမှုသည်
ကာလလတ်ဈေးနှုန်းတည်ငြိမ်မှုအား ဖြစ်ပေါ်စေသောကြောင့် ငွေကြေးဖောင်းပွမှုနှင့်
စွမ်းအင်ဈေးနှုန်းမြင့်တက်မှုများကို လျော့ချနိုင်မည်ဖြစ်ကြောင်း ဂလက်ပင်စကီက
ပြောကြားခဲ့ပါသည်။ နိုင်ငံအတွင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် အရေးကြီးသည့်
လုပ်ငန်းတာဝန်တစ်ခုဖြစ်သည့်အတွက် ဗဟိုဘဏ်အနေဖြင့် ပိုလန်စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးရန်ပုံငွေများကို
ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းကထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့ပြင်
ဗဟိုဘဏ်၏ဆောင်ရွက်ချက်များသည် ပိုလန်နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့်
ငွေကြေးဖောင်းပွမှုများကို လျော့ချနိုင်ရန်အတွက် အထောက်အပံ့ ဖြစ်စေမည်ဟု ယုံကြည်ကြောင်း
ဂလက်ပင်စကီက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment