Sunday, December 19, 2021

ဆိုက်ပရပ်စ်အစိုးရသည် ဗီယက်နမ်နိုင်ငံသား ရွေးပြောင်းအခြေနေထိုင်သူ ၂၅၈ ဦးကိုနေရပ်ပြန်လည်ပို့ဆောင်ခဲ့ခြင်း

 

ဆိုက်ပရပ်စ်အစိုးရသည် မြေထဲပင်လယ်အရှေ့ဘက်ကျွန်းတွင် တရားမဝင် နေထိုင်လျက်ရှိသည်ဟု ယူဆရသော ဗီယက်နမ်နိုင်ငံသား ရွှေ့ပြောင်းအခြေချနေထိုင်သူ ၂၅၈ ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း Xinhua သတင်းဌာနက ဒီဇင်ဘာလ ၁၉ ရက်၌ ဖော်ပြခဲ့ပါသည်။ ဆိုက်ပရပ်စ်အစိုးရသည် ဗီယက်နမ်အစိုးရနှင့် ပူးပေါင်း၍ ရွှေ့ပြောင်းအခြေချနေထိုင်သူများကို ဒီဇင်ဘာလ ၁၈ ရက်တွင် အထူးလေယာဉ်ဖြင့် ၎င်းတို့နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။ ဆိုက်ပရပ်စ်နိုင်ငံ အတွင်း ရွှေ့ပြောင်းအခြေချနေထိုင်သူများနှင့် နေရပ်ခိုလှုံခွင့် တောင်းခံသူများထားရှိရေး ကန့်သတ်ချက်များ ပြည့်မီနေပြီဖြစ်သည့်အတွက်ကြောင့် အစိုးရအနေဖြင့် ယခုကဲ့သို့ ပထမဆုံးနေရပ်ပြန်ပို့မှုကို ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ ပြီးခဲ့သောလအနည်းငယ်တွင် တူရကီ၊ ဆီးရီးယား၊ အာရှနှင့်အာဖရိကနိုင်ငံများမှ တရားမဝင်အခြေချနေထိုင်သူ ထောင်ပေါင်းများစွာသည် ဆိုက်ပရပ်စ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment