ဘူလ်ဂေးရီးယားသမ္မတ ရူမန်ရာဒက်ဗ် (Rumen Radev) သည် ဇန်နဝါရီလ ၂၂ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ၎င်း၏ရာထူး ဒုတိယ သက်တမ်းကို စတင်ထမ်းဆောင်ခဲ့ပါသည်။ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ နီကိုလာမင်ချက်ဗ် (Nikola minchev)၊ ဝန်ကြီးချုပ် ကာရီလ်ပက်ကော့ဗ် (Kiril Petkov)၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် နိုင်ငံခြားသံတမန်များ တက်ရောက် ခဲ့ကြပါသည်။ သမ္မတရာဒက်ဗ်သည် အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ပထမအကြိမ် သမ္မတဖြစ်လာခဲ့ပါ သည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် ထပ်မံ အနိုင်ရရှိခဲ့ပြီး ဒုတိယအကြိမ်သမ္မတသက်တမ်းကို ဆက်လက်ထမ်းဆောင်ခွင့် ရရှိခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment