တူရကီနိုင်ငံသည် အီရတ်နိုင်ငံ၏ အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းမှု များကို အားပေးထောက်ခံကြောင်း တူရကီသံတမန် အလီရီဇာဂူနေ (Ali Riza Guney) က အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်လ်ခါဒီမီ (Mustafa al-Kadhimi) နှင့် ဇန်နဝါရီလ ၂၃ ရက်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့သည်ဟု Daily Sabah သတင်းဌာနက ဖော်ပြခဲ့ ပါသည်။ ထိုတွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း အီရတ်ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ဒေသတွင်းလုံခြုံရေးနှင့်တည်ငြိမ် ရေးကို အန္တရာယ်ပြုနေသော အကြမ်းဖက်သမားများရန်မှကာကွယ်ရန် အရေးကြီးပုံ ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါသည်။
No comments:
Post a Comment