Wednesday, February 16, 2022
တူရကီအထူးကိုယ်စားလှယ်အဖွဲ့သည် အစ္စရေးနိုင်ငံသို့ ချစ်ကည်ရေးခရီးသွားရောက်လျက်ရှိခြင်း
တူရကီသမ္မတ၏အကြံပေးပုဂိ္ဂုလ် အီဘရာဟင်ကလင် (Ibrahim Kalin ) နှင့် တူရကီဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဒက်အိုနယ် (Sedat Onal) တို့ ဉီးဆောင်သည့် တူရကီထိပ်တန်းကိုယ်စားလှယ်အဖွဲ့သည် အစ္စရေးနိုင်ငံသို့ရောက်ရှိနေကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်သမ္မတရုံးတို့မှ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပူးတွဲထုတ်ပြန် ခဲ့ပါသည်။ အဆိုပါ တူရကီကိုယ်စားလှယ်အဖွဲ့သည် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အလွန်အု့ရှ်ပစ်ဇ် (Alon Ushpiz)၊ အစ္စရေးသမ္မတ၏ ညွှန်ကြားရေးမှူးချုပ် အီယယ်ရှိဗီကီ (Eyal Shviki) နှင့် အဖွဲ့ဝင်များအားတွေ့ဆုံပြီး အစ္စရေးသမ္မတ အစ်ဆက်ဟာဇော့ (Isaac Herzog) ၏ တူရကီနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်ဆိုင်ရာပြင်ဆင်မှုများ၊ ဒေသတွင်းအရေးကိစ္စရပ်များအပြင် နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ် အတွင်း တူရကီဉီးဆောင်သည့် စစ်ရေယာဉ်စုအား အစ္စရေးနိုင်ငံမှ တိုက်ခိုက်ချေမှုန်း ခဲ့ပြီးနောက် နှစ်နိုင်ငံကြား နှစ်ပေါင်းများစွာတင်းမာမှုမြင့်တက်လျက်ရှိရာ အစ္စရေးသမ္မတ၏ တူရကီနိုင်ငံသို့ အလည်အပတ်သွားရောက်မည့် ယခုခရီးစဉ်သည် ဆယ်စုနှစ်ကျော် အကြာ ပထမဆုံးအကြိမ်သွားရောက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment