တူရကီကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဆာအေဗီဆီဗာ (Musa Avesever) နှင့် ကာတာကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် ဆာ့ဒ်ဟူစိန်အယ်လ်ခရာရင် (Saeed Hussain Al Khayarin) တို့သည် ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့၌ ဖေဖော်ဝါရီ ၉ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Anadolu Agency သတင်းဝဘ်ဆိုက်က ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံကာကွယ်ရေး ဆိုင်ရာဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ အလေးထားဆွေးနွေး ခဲ့ကြပါသည်။ ၎င်းနှစ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင်လည်း (၇)ကြိမ်မြောက် တူရကီ-ကာတာ မဟာဗျူဟာကော်မတီ (Turkey-Qatar Supreme Strategic Committee) အစည်းအဝေးပွဲအား ကျင်းပခဲ့သည့်အပြင် လက်ရှိ စစ်ရေးနှင့် စီးပွားရေး ဆိုင်ရာဆက်ဆံရေး၌လည်း ခိုင်မာအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment