ပိုလန်နိုင်ငံသည် ဆိုက်ဘာကာကွယ်ရေးတပ်ဖွဲ့ (Cyber Defense Force) တရားဝင်စတင်ဖွဲ့စည်းခြင်းကို ဖေဖော်ဝါရီလ ၈ ရက်တွင်ပြုလုပ်ခဲ့ပြီး အဆိုပါ တပ်ဖွဲ့သစ်ကိုဦးဆောင်ရန် ဗိုလ်မှူးချုပ် ကာရိုးလ်မိုလန်ဒါ (Karol molenda) အား ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါသည်။ ဆိုက်ဘာကာကွယ်ရေးတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်များတွင် ပိုလန်လက်နက်ကိုင်တပ်ဖွဲ့များအား ဆိုက်ဘာတိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် ခုခံခြင်း၊ ကင်းထောက်ခြင်းနှင့် လိုအပ်ပါက ထိုးစစ်အပြုအမူ ဆောင်ရွက်ရန်တို့ပါဝင်ပါသည်။ လက်ရှိအသစ်ဖွဲ့စည်းလိုက်သည့် ဆိုက်ဘာတပ်ဖွဲ့ အနေဖြင့် ‘ဆိုက်ဘာလုံခြုံရေးအမျိုးသားစင်တာ’ (National Center for Cyber Security) နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment