Tuesday, February 8, 2022

၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် တူရကီသမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း CHP ပါတီခေါင်းဆောင်က ပြောကြားခဲ့ခြင်း

Ahvalnews; Feb-8 (Tue)

    ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် တူရကီသမ္မတရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း တူရကီအဓိကအတိုက်အခံပါတီဖြစ်သည့် ရီပတ်ဘလစ်ကန် ပြည်သူ့ပါတီ (Republican People’s Party-–CHP) ခေါင်းဆောင် ကမေးလ်ကီလီ ဒါရိုဂူ (Kemal Kilicdaroglu) က ဖေဖော်ဝါရီလ ၈ ရက်၌ကျင်းပခဲ့သည့် လွှတ်တော် အစည်းအဝေးတစ်ခု၌ ပြောကြားခဲ့ကြောင်း Ahvalnews သတင်းဌာနက ဖော်ပြခဲ့ ပါသည်။ ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ ၎င်းအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည့်အရေးနှင့်စပ်လျဉ်း၍ သေချာမှုမရှိသည့် ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာ၌ ကီလီဒါရိုဂူ၏ အထက်ပါ ပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ တူရကီအစိုးရအနေဖြင့် ရွေးကောက်ပွဲ များအား အမြန်ဆုံးကျင်းပပေးသင့်ကြောင်း၊ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်းနှင့် တူရကီပြည်သူများအနေဖြင့်လည်း ရွေးကောက်ပွဲများကျင်းပမည့်အချိန် အား စောင့်ဆိုင်းလိုခြင်းမရှိတော့ကြောင်း ကီလီဒါရိုဂူက ဆက်လက်ပြောကြားခဲ့ ပါသည်။
    ၂၀၂၃ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ် စားလှယ်လောင်းအဖြစ် တူရကီအတိုက်အခံပါတီများ အမျိုးသားမဟာမိတ်အဖွဲ့မှ ၎င်းအား အဆိုပြုရွေးချယ်ခဲ့မည်ဆိုပါက ဂုဏ်ယူဝမ်းမြောက်မည်ဖြစ်ကြောင်းလည်း ကီလီဒါရိုဂူက ဒီဇင်ဘာလအတွင်း၌ ပြောကြားထားခဲ့ပါသည်။ တူရကီအတိုက်အခံ ပါတီများ အမျိုးသားမဟာမိတ်အဖွဲ့အား အဓိကအတိုက်အခံပါတီ CHP ပါတီ၊ အတိုက်အခံ Good Party (IP) ပါတီနှင့် အတိုက်အခံ Islamist felicity Party (SP) တို့ဖြင့် ဖွဲ့စည်းထားပါသည်။ ထို့ပြင် CHP ပါတီအပါအဝင် တူရကီအတိုက်အခံပါတီ ၆ ခုသည် ၂၀၂၃ ခုနှစ် သမ္မတရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်အတွက် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပထမအကြိမ်တွေ့ဆုံသွားမည်ဖြစ်ပါသည်။ ၎င်းတွေ့ဆုံမှု အတွင်း လာမည့်သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အာဒိုဂန်အား အနိုင်ရရှိခဲ့ပါက လွှတ်တော်စနစ်ပြောင်းလဲခြင်းဆိုင်ရာ အခြေခံဥပဒေမူကြမ်းရေးဆွဲရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment