Reuter; Feb-7(Mon)
လစ်သူရေးနီးယားနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ကုန်သွယ်ရေးကန့်သတ်ချက်များ နှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO) ၌ ဥရောပ သမဂ္ဂ၏ တရုတ်ဆန့်ကျင်ရေးဆိုင်ရာ ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုတွင် အမေရိကန်နှင့် ဩစတြေးလျနိုင်ငံတို့နှင့်အတူ ဗြိတိန်နိုင်ငံလည်း ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း Reuter သတင်းဌာနက ဖေဖော်ဝါရီလ ၇ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ တရုတ် နိုင်ငံအနေဖြင့် လစ်သူရေးနီးယားနိုင်ငံအပေါ် ပစ်မှတ်ထားအကျပ်ကိုင်သည့် ကုန်သွယ်ရေး ဆိုင်ရာ မဟာဗျူဟာများကို ကျင့်သုံးခဲ့ခြင်းသည် ဥရောပသမဂ္ဂ၏ တစ်ခုတည်းသော ကုန်သွယ်ရေးဈေးကွက်ကို ခြိမ်းခြောက်ခြင်းပင်ဖြစ်ကြောင်း ဥရောပသမဂ္ဂက စွပ်စွဲ ပြောကြားခဲ့ပြီး ပြီးခဲ့သည့်ဇန်နဝါရီလ၌ WTO သို့ တိုင်ကြားခဲ့ခြင်းဖြစ်ပါသည်။
လစ်သူရေးနီးယားနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ထိုင်ဝမ်အမည်ဖြင့် တရားဝင်သံရုံးဖွင့်လှစ်ရန်ဆုံးဖြတ်ချက်အား ပြန်လည်ရုပ်သိမ်းရန်အတွက် တရုတ်နိုင်ငံက ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအပါအဝင် သံတမန်ရေးဆိုင်ရာဆက်ဆံရေး များကို ဖြတ်တောက်၍ ဖိအားပေးလျက်ရှိပါသည်။ ထိုကဲ့သို့ တရုတ်နိုင်ငံ၏ အကျပ်ကိုင် သည့်စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပြန်လည်တုံ့ပြန်နိုင်ရန် အတွက် ဥရောပသမဂ္ဂ၊ လစ်သူရေးနီးယားနိုင်ငံတို့အပါအဝင် သဘောထားချင်း တိုက်ဆိုင်သည့် မဟာမိတ်နိုင်ငံများပူးပေါင်း၍ အတူတကွလုပ်ဆောင်သွားရမည်ဟု အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် အဒမ်ဟော့ဂီ (Adam Hodge) က ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
Ref; Britain joins EU-China WTO challenge over Lithuania
No comments:
Post a Comment