တူရကီနိုင်ငံမှ အာဖဂန်နစ္စတန်နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအနေဖြင့် ပေးပို့သည့် အလေးချိန် ၇၅၀ တန်နီးပါးရှိ ကူညီထောက်ပံ့ရေး ပစ္စည်းများသည် ဖေဖော်ဝါရီလ ၉ ရက်တွင် အာဖဂန်နစ္စတန်သို့ ရောက်ရှိနိုင်ဖွယ်ရှိ ကြောင်း Dailysabah သတင်းဝဘ်ဆိုက် ဖေဖော်ဝါရီလ ၇ ရက်က ဖော်ပြခဲ့ပါသည်။ အာဖဂန်နစ္စတန်နိုင်ငံသားများ၏လိုအပ်ချက်များအား ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ကူညီမှုများဆက်လက်ပေးအပ်သွားမည်ဟုလည်း တူရကီနိုင်ငံက ပြောကြားခဲ့ပါသည်။ အာဖဂန်နစ္စတန်အား တာလီဘန်တို့ သိမ်းယူပြီးသည့်အချိန်မှစတင်၍ ၎င်းနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း
No comments:
Post a Comment