ဆလိုဗက်ကီးယားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ရုရှားသံအမတ်ကြီး အီဂေါ ဘရက်ချီကော့ဗ် (Igor Bratchikov) အား မတ်လ ၃၀ ရက်တွင် ဆင့်ခေါ်ခဲ့ပြီး ဆလိုဗက်ကီးယားနိုင်ငံအတွင်းမှ ရုရှားသံတမန် ၃၅ ဦးကိုလျှော့ချရန် တောင်းဆိုခဲ့ ကြောင်း Xinhua သတင်းဌာနက မတ်လ ၃၁ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ရုရှား သံတမန်တစ်ဦးသည် Vienna Convention on Diplomatic Relations ကို ချိုးဖောက်မှု၌ ပတ်သက်ဆက်နွှယ်လျက်ရှိသည်ဟူသော ဆလိုဗက်ကီးယားလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းအချက်အလက်များအပေါ်အခြေခံ၍ အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆလိုဗက်ကီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဆလိုဗက်ကီးယားအစိုးရသည် လျို့ဝှက်ထောက်လှမ်းရေးဌာန၏ သတင်းအချက်အလက် များကို ကိုးကား၍ ရုရှားသံတမန် ၃ ဦးအား မတ်လ ၁၄ ရက်တွင် နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ကြောင်း သတင်းအချက်အလက်များ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
No comments:
Post a Comment