IST; Mar – 4 (Fri)
မော်လ်ဒိုဗာနှင့်ဂျော်ဂျီယာနိုင်ငံတို့သည် ယူကရိန်းနှင့်ရုရှားနိုင်ငံတို့အကြား ပဋိပက္ခ ဖြစ်ပွားနေစဉ်အတွင်း ဥရောပသမဂ္ဂ (European Union–EU) အဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း IST သတင်းဌာနက မတ်လ ၄ ရက်တွင်ဖော်ပြ ခဲ့ပါသည်။ မော်လ်ဒိုဗာနှင့်ဂျော်ဂျီယာနိုင်ငံတို့၏ EU အဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်း ဆောင်ရွက်မှုသည် ယူကရိန်းနိုင်ငံမှ EU အဖွဲ့ဝင်နိုင်ငံဖြစ်ရေး တရားဝင်လျှောက်လွှာ တင်သွင်းရန်အတွက် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) က လက်မှတ်ရေးထိုး၍ EU အဖွဲ့ဝင်နိုင်ငံ အမြန်ဆုံးဖြစ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် ၂ ရက်အကြာ၌ ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်ပါသည်။ မော်လ်ဒိုဗာနိုင်ငံအနေဖြင့် EU သို့ ဝင်ရောက်နိုင်ရေး တရားဝင်လျှောက်လွှာတင်သွင်း ရန်အတွက် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းပြီးကြွယ်ဝ ချမ်းသာစွာ နေထိုင်လိုကြောင်း၊ အချို့သောဆုံးဖြတ်ချက်များသည် အချိန်လိုအပ်သော်လည်း အချို့သောဆုံးဖြတ်ချက်များမှာ တိကျပြတ်သားစွာဖြင့် အလျင်အမြန်ချမှတ်ရမည်ဖြစ် ကြောင်းနှင့် ကမ္ဘာကြီးပြောင်းလဲလာမှုနှင့်အတူ ကောင်းမွန်သည့်အခွင့်အလမ်းများ ရယူရမည်ဖြစ်ကြောင်း မော်လ်ဒိုဗာသမ္မတ မီယာဆန်ဒူ (Maia Sandu) က မတ်လ ၃ ရက်တွင် ပြောကြားခဲ့ခြင်းပါသည်။
ဂျော်ဂျီယာဝန်ကြီးချုပ် အီရာကလီဂါရီဘာရှဗီလီ (Irakli Garibashvili) ကလည်း ဂျော်ဂျီယာနိုင်ငံအနေဖြင့် EU အဖွဲ့ဝင်နိုင်ငံဖြစ်ရေး တရားဝင်လျှောက်လွှာတင်သွင်းရန် အတွက် လက်မှတ်ရေးထိုးထားရှိပြီးဖြစ်ကြောင်း၊ မကြာမီအချိန်တွင်း EU သို့ လျှောက်လွှာ တင်သွင်းသွားမည်ဖြစ်ကြောင်း၊ EU သို့ ဝင်ရောက်နိုင်ရေးအတွက် လျှောက်လွှာ တင်သွင်းခဲ့ခြင်းသည် ဂျော်ဂျီယာနိုင်ငံအတွက် သမိုင်းဝင်သည့်နေ့ရက်တစ်ရက်ဖြစ် သည့်အပြင် ၎င်းတို့ဘိုးဘေးဘီဘင်များ၏ ကြိုးပမ်းဆောင်ရွက်မှုအား ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မတ်လ ၃ ရက်တွင် ပြောကြားခဲ့ပါ သည်။ ဂျော်ဂျီယာနိုင်ငံအနေဖြင့် EU အဖွဲ့ဝင်နိုင်ငံဖြစ်စေရေး တရားဝင်လျှောက်လွှာ တင်သွင်းမှုအား အမြန်ဆုံးလုပ်ဆောင်သွားမည်ဟုလည်း ဂျော်ဂျီယာအာဏာရပါတီ Georigian Dream Party ဥက္ကဋ္ဌ အီရာကလီကိုဘက်ဟစ်ဇီ (Irakli Kobakhidze) က မတ်လ ၂ ရက်တွင် ပြောကြားခဲ့ပါသည်။ မော်လ်ဒိုဗာနှင့် ဂျော်ဂျီယာနှစ်နိုင်ငံလုံးသည် အနောက်နိုင်ငံများနှင့် ခိုင်မာသည့်သံတမန်ဆက်ဆံရေးကို တည်ဆောက်ထားရှိသည့် နိုင်ငံများဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment