Friday, March 4, 2022

အမေရိကန်ဒုတိယသမ္မတသည် လာမည့်သီတင်းပတ်အတွင်း ပိုလန်နှင့် ရိုမေးနီးယား နိုင်ငံများသို့ သွားရောက်ရန်ရှိခြင်း

 

Nypost; Mar-4 (Fri)

              အမေရိကန်ဒုတိယသမ္မတ ကာမလာဟားရစ် (Kamala Harris) သည် မတ်လ ၉ ရက်မှ ၁၁ ရက်အထိ ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က မတ်လ ၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

သုံးသပ်ချက်

              ယူကရိန်းနိုင်ငံအပေါ် ရုရှား၏ စစ်ရေးတိုက်ခိုက်မှုများပြုလုပ်ခဲ့ချိန်မှစတင်ကာ အမေရိကန်ဦးဆောင်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းနိုင်ငံသို့  လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ လက်ရှိ တွင်လည်း ယူကရိန်းအပေါ် ရုရှား၏ စစ်ရေးတိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်အတွင်း NATO မဟာမိတ်များ၏ စည်းလုံးညီညွတ်မှုနှင့် အရှေ့ပိုင်းမဟာမိတ်နိုင်ငံများအပေါ် အမေရိကန်၏ထောက်ခံမှုကို ပြသသည့်အနေဖြင့် အမေရိကန်ဒုတိယသမ္မတ ကာမလာ ဟားရစ်သည် လာမည့်မတ်လ ၉ ရက်နှင့် ၁၁ ရက်တို့တွင် NATO အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသော ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရ ပါသည်။ အဆိုပါခရီးစဉ်အတွင်း ဟားရစ်သည် နှစ်နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံကာ ယူကရိန်းအပေါ် ရုရှား၏ စစ်ရေးတိုက်ခိုက်မှုများအား တုံ့ပြန်ရာတွင် မဟာမိတ်များ၏ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်မြှင့်တင်လုပ်ဆောင်ရေးအပါအဝင် ယူကရိန်း နိုင်ငံအပေါ် လုံခြုံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်ရေး၊ ရုရှားအပေါ် ပြင်းထန်သည့်စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့ မှုများ ချမှတ်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်၍ အမေရိကန်အပါအဝင် အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းအပေါ် ထောက်ပံ့ ကူညီမှုများ ဆက်လက်ပေးအပ်နေပြီး ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက် ချမှတ်နေမည်ဆိုပါက နှစ်ဖက်အကြားရှိ တင်းမာမှုများမှာ ယခုထက် အရှိန်မြင့်တက် လာနိုင်ပြီး အနောက်နိုင်ငံများ၏လုပ်ရပ်အပေါ် တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ရုရှားနိုင်ငံ သည်လည်း ယူကရိန်းနိုင်ငံကို စစ်ရေးအရဖိအားပေးမှုများ ပိုမိုလုပ်ဆောင်လာနိုင် ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment