တူရကီကွန်မန်ဒိုတပ်ဖွဲ့သည် ဧပြီလ ၂၃ ရက်တွင် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ အကြီးစားစစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်ခဲ့သည်ဟု တူရကီအမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ရေးသားဖော်ပြ ခဲ့ပါသည်။ ဆီးရီးယားနိုင်ငံရှိ YPG/PKK စစ်သွေးကြွများမှ တူရကီရဲအရာရှိတစ်ဦးအား ဧပြီလ ၂၂ ရက်က သတ်ဖြတ်ခဲ့မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အမြောက်လက်နက်ကြီး ပစ်ကူရယူ၍ စစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ကြောင်းနှင့် အနည်းဆုံးစစ်သွေးကြွ ၅၀ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံအနေဖြင့် မည်သည့်အကြမ်းဖက်တိုက်ခိုက်မှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဖြစ်ပြီး ဒေသတွင်းမတည်မငြိမ်ဖြစ်စေသည့် ကြိုးပမ်းဆောင်ရွက်မှု များကို သည်းခံမည်မဟုတ်ကြောင်းကိုလည်း ၎င်းဝန်ကြီးဌာနက အလေးထားပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment