ယူကရိန်းပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ အဖြစ် အမေရိကန်ဒေါ်လာ ၅၄ သန်းခန့် ပေးအပ်သွားမည်ဖြစ်ကြောင်း ဥရောပ သမဂ္ဂက ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့အနက်မှ အမေရိကန်ဒေါ်လာ ၄၈.၆၃ သန်းခန့်ကို ယူကရိန်းနိုင်ငံအတွင်းရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး စီမံကိန်း များသို့လည်းကောင်း၊ ကျန်အမေရိကန်ဒေါ်လာ ၅.၄ သန်းခန့်ကို အိမ်နီးချင်း မော်လ်ဒိုဗာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစီမံကိန်းများ သို့လည်းကောင်း ခွဲဝေပေးအပ်သွားမည်ဖြစ်ပါသည်။ ယူကရိန်းနိုင်ငံအတွင်း ရုရှား တပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများစတင်ခဲ့ချိန်မှစ၍ ယူကရိန်းပြည်သူများ အတွက် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်ဒေါ်လာ ၁၅၄.၅၃ သန်းခန့် အကူအညီ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment