Sunday, April 17, 2022

တူရကီတပ်ဖွဲ့ဝင်များသည် PKK စစ်သွေးကြွများအား နှိမ်နင်းသည့် စစ်ဆင်ရေးတစ်ရပ်အား ဆောင်ရွက်ခဲ့ခြင်း

 

              တူရကီလေတပ်နှင့် အထူးတပ်ဖွဲ့များပါဝင်ပြီး PKK စစ်သွေးကြွများကို ပစ်မှတ်ထားသည့် ကြီးမားသည့် စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲလျက်ရှိကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အီရတ်ကာဒစ္စတန်ဒေသ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဘာဇာနီ (Barzani) တို့ ဧပြီလ ၁၅ ရက်တွင် တွေ့ဆုံခဲ့ပြီးနောက် တူရကီစစ်ဘက်၏ စစ်ဆင်ရေး စတင်ခဲ့ခြင်းဖြစ်ပါသည်။ ဒေသတွင်းမီဒီယာအချို့၏ ဖော်ပြမှုအရ တူရကီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဟူလူဆီအကာ (Hulusi Akar) သည် စစ်ဆင်ရေးစီမံခန့်ခွဲမှုအခန်းမှ ကိုယ်တိုင်ကြီးကြပ်လျက်ရှိကြောင်း သိရှိ ရပါသည်။

No comments:

Post a Comment