Saturday, April 2, 2022
တူရကီနိုင်ငံတွင် အကျဉ်ကျခံနေရသော အီရန်နိုင်ငံသားများအား အီနိုင်ငံသို့ ပြန်ပို့ရန် တူရကီနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိခြင်း
တူရကီနိုင်ငံတွင်
အကျဉ်းကျခံနေရသည့် အီရန်နိုင်ငံသားများအား အီရန်သို့ ပြန်ပို့ရန် တူရကီနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်နေကြောင်း
အီရန်တရားစီရင်ရေး ဌာန၏ လက်ထောက်အကြီးအကဲ ကာဇမ်ဂါရီဘာဘာဒီ (Kazem Gharibabadi) က ပြောကြားခဲ့သည်ဟု
IRNA သတင်းဌာနက ဧပြီလ ၃ ရက်တွင် ရေးသားဖော်ပြ ခဲ့ပါသည်။
အကျဉ်းသားများလဲလှယ်ရေး နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး ရာတွင် ပြသာနာမရှိကြောင်းနှင့် တူရကီတရားရေး၏ ခွင့်ပြုချက်နှင့်
အကျဉ်းသားများ၏ တောင်းဆိုချက်များအား လက်ခံကျေနပ်သင့်ကြောင်း ဂါရီဘာဘာဒီက ပြောကြားခဲ့
ပါသည်။ အီရန်နိုင်ငံသား ၃,၈၀၀ ဦးခန့်သည် ပြည်ပနိုင်ငံများတွင်
အကျဉ်းကျခံနေရပြီး ၎င်းတို့ထဲမှ ၂,၀၀၀ ဦးသည်
တူရကီတွင် အကျဉ်းကျခံရလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment