Saturday, April 2, 2022

ဟန်ဂေရီနိုင်ငံသည် အထွေထွေရွေးကောက်ပွဲအား ကျင်းပပြုလုပ်ခဲ့ခြင်း

 

AA; Apr-2 (Sat)

              ဟန်ဂေရီနိုင်ငံ၌ ဧပြီလ ၃ ရက်တွင် အထွေထွေရွေးကောက်ပွဲအား ကျင်းပ  ပြုလုပ်မည်ဖြစ်ရာ လူဦးရေ . သန်းနီးပါးအနက် ဆန္ဒမဲပေးသူ . သန်းခန့်သည် အထွေထွေရွေးကောက်ပွဲများအတွက် မဲပေးမည်ဖြစ်ပါသည်။ အဆိုပါရွေးကောက်ပွဲသည် အမျိုးသားလွှတ်တော်အမတ်နေရာ ၁၉၉ နေရာအတွက် အမတ်ကိုယ်စားလှယ်လောင်း များအား နည်းလမ်းနှစ်သွယ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              ဟန်ဂေရီနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် အထွေထွေရွေးကောက်ပွဲ အား ကျင်းပပြုလုပ်ခဲ့ပါသည်။ မဲရုံများကို ဒေသစံတော်ချိန် နံနက် ၆ နာရီတွင်စတင် ဖွင့်လှစ်၍ ည ၇ နာရီတွင် ပိတ်သိမ်းမည်ဖြစ်ကာ ဆန္ဒမဲပေးခြင်းကို ၁၃ နာရီကြာ မဲပေး နိုင်ပါသည်။ မဲရလဒ်များသည် ၁၁ နာရီမှ ည ၁၂ နာရီအကြားတွင် ထွက်ပေါ်လာ နိုင်ဖွယ်ရှိသည်ဟု အစိုးရ၏ပြောရေးဆိုခွင့်ရှိသူ ဇိုလ်တန်ကိုဗက်စ် (Zoltan Kovacs) က ပြောကြားခဲ့ပါသည်။ လက်ရှိဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) ဦးဆောင်သော အာဏာရညွန့်ပေါင်း Fidesz-KDNP ပါတီနှင့် ပီတာမာကီဇေ (Peter Marki-Zay) ဦးဆောင်သည့် အတိုက်အခံပါတီ ၆ ခုစုပေါင်းထားသော ညွန့်ပေါင်းမဟာမိတ်ပါတီတို့သည် အကြိုရွေးကောက်ပွဲရလဒ်များအရ မဲအများဆုံးရရှိထားသည့် ညွန့်ပေါင်းပါတီ ၂ ခု ဖြစ်ပါသည်။ အသက် ၄၉ နှစ်အရွယ်ရှိ အတိုက်အခံခေါင်းဆောင် ရှေးရိုးစွဲဝါဒီ ပီတာမာကီဇေက ဟန်ဂေရီနိုင်ငံသည် ဥရောပသမဂ္ဂတွင်ပါ၀င်လျက်ရှိပြီး အနောက်နိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဟု မဲဆွယ်စည်းရုံးခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံ အနေဖြင့် အာရှနိုင်ငံများဖြစ်သော ရုရှားနှင့် တရုတ်တို့၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်သွားမည်မဟုတ်ကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။ အသက် ၅၈ နှစ်အရွယ် ဗစ်တာအော်ဘန် ကမူ ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကိုပယ်ချခြင်းဖြင့် ဟန်ဂေရီနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်သွားမည်ဖြစ်ကြောင်း မဲဆွယ်ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍  ရွေးကောက်ပွဲအတွင်း အတိုက်အခံခေါင်းဆောင် ပီတာမာကီဇေ၏ ပါတီအနိုင်ရရှိပါက အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများနှင့်ပူးပေါင်း၍ ယူကရိန်းနိုင်ငံ၏ အရေးကိစ္စတွင် ပါဝင်ကူညီနိုင်ဖွယ် ရှိပြီး လက်ရှိဝန်ကြီးချုပ် ဗစ်တာအော်ဘန် အနိုင်ရရှိခဲ့ပါက ဟန်ဂေရီနိုင်ငံအား လက်ရှိ ဖြစ်ပွားလျက်ရှိသည့် စစ်ရေးပဋိပက္ခအတွင်းသို့ ဝင်ရောက်မှုမရှိစေရေး နည်းမျိုးစုံ အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment