Monday, April 4, 2022

ဟန်ဂေရီဝန်ကြီးချုပ်၏ အာဏာရညွန့်ပေါင်းပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်း

 

English.news.cn; Apr-4(Mon)

              ဟန်ဂေရီအမျိုးသားရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သော ကနဦးမဲရလဒ် များအရ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) ၏ အာဏာရ ဟန်ဂေရီလူထု မဟာမိတ် (Fidesz) နှင့် ခရစ်ယာန်ဒီမိုကရက်တစ်ပြည်သူ့ပါတီ (KDNP) တို့၏ Fidesz-KDNP ညွန့်ပေါင်းပါတီသည် ဧပြီလ ၃ ရက်တွင်ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ကြောင်း English.news.cn သတင်းဌာနက ဧပြီလ ၄ ရက်တွင် ဖော်ပြခဲ့ပါ သည်။ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်သည် ဥရောပ၏အနာဂတ်အတွက် ၎င်း၏ အာဏာရ Fidesz-KDNP မဟာမိတ်အဖွဲ့က အနိုင်ရရှိခဲ့သည်ဟု  ၎င်းအား ထောက်ခံ အားပေးသော ပြည်သူလူထုအား ပြောကြားခဲ့ပါသည်။ အတိုက်အခံမဟာမိတ်အဖွဲ့ ခေါင်းဆောင် ပီတာမာကီဇေ (Peter Marki-Zay) ကလည်း  ရွေးကောက်ပွဲ၌ ဟန်ဂေရီ လူထုမဟာမိတ် (Fidesz) အနိုင်ရရှိခဲ့မှုကို ၎င်းတို့အနေဖြင့် အသိအမှတ်ပြုကြောင်း ၎င်းအား ထောက်ခံသည့်ပြည်သူများသို့ ပြောကြားခဲ့ပါသည်။

              ဟန်ဂေရီလွှတ်တော်ရွေးကောက်ပွဲ၏ စုစုပေါင်းမဲအရေအတွက် ၉၁.၀၆ ရာခိုင်နှုန်း အား ရေတွက်ခဲ့ပြီးနောက် Fidesz-KDNP ညွန့်ပေါင်းပါတီသည် ၅၃.၄၉ ရာခိုင်နှုန်းဖြင့် ပထမနေရာမှ ဦးဆောင်ခဲ့ပါသည်။ အတိုက်အခံ ၆ ပါတီ မဟာမိတ်အဖွဲ့သည် ၃၄.၆၃ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာမှဦးဆောင်ခဲ့ပြီး Mi Hazank ပါတီသည် ၆.၂၈ ရာခိုင်နှုန်းဖြင့် တတိယနေရာ၌ရပ်တည်နိုင်ခဲ့ပါသည်။ Fidesz-KDNP ညွန့်ပေါင်းပါတီသည် လွှတ်တော် အမတ် ၁၉၉ နေရာအနက် ၁၃၅ နေရာအားရရှိခဲ့ပြီး ၂၀၁၈၊ ၂၀၁၄ နှင့် ၂၀၁၀ ပြည့်နှစ် များကဲ့သို့ပင် ၃ ပုံ ၂ ပုံနေရာအများစုဖြင့် အနိုင်ရရှိခဲ့ပါသည်။ အတိုက်အခံမဟာမိတ် အဖွဲ့သည် လွှတ်တော်တွင် ၅၆ နေရာရရှိခဲ့ပြီး Mi Hazank ပါတီက ၇ နေရာရရှိခဲ့ပါ သည်။ ကျန်တစ်နေရာကို လူနည်းစုဖြစ်သည့် ဂျာမန်မျိုးနွယ်စုတို့က အနိုင်ရရှိခဲ့ပါသည်။ ဟန်ဂေရီအမျိုးသားရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြည်ပတွင်နေထိုင်ပြီး အလုပ် လုပ်ကိုင်လျက်ရှိသည့် ဟန်ဂေရီနိုင်ငံသားများ၏ ဆန္ဒမဲများအား ရေတွက်ပြီးနောက် လာမည့်သီတင်းပတ်အတွင်း တရားဝင်မဲရလဒ်များကို အတည်ပြုထုတ်ပြန်သွားမည်ဖြစ် ကြောင်းသိရှိရပါသည်။

No comments:

Post a Comment