ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) သည် ယခုရက်သတ္တပတ် အတွင်း ပိုလန်သမ္မတနှင့် ဂျာမနီဝန်ကြီးချုပ်တို့ကို လက်ခံတွေ့ဆုံသွားမည်ဖြစ်ပြီး ယူကရိန်း အရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောဆိုမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။ ဗြိတိန်အနေဖြင့် ယူကရိန်းနိုင်ငံသို့ ဒုံးကျည် ၆,၀၀၀ စင်း၊ တင့်ဖျက်လက်နက် ၄,၀၀၀ နှင့် Starstreak အမျိုးအစား လေယာဉ်ဖျက်ဒုံးကျည်များပေးပို့သွားရန် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကတိပြုပြောကြားခဲ့ပါသည်။ ထို့ပြင် ပိုလန်နှင့် ရိုမေးနီးယားဝေဟင်များ၌ ကင်းလှည့် ပျံသန်းရန်အတွက် ဗြိတိန်လေတပ်မှ Typhoon အမျိုးအစား တိုက်လေယာဉ်များကို တပ်ဖြန့်ချထားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment