Thursday, April 21, 2022

ရုရှားအပေါ်အရေးယူပိတ်ဆို့မှုချမှတ်ရေး ဆားဘီးယားနိုင်ငံအား ခြိမ်းခြောက်ဖိအား ပေးခြင်းမပြုလုပ်ရန် ဆားဘီးယားသမ္မတက ဥရောပသမဂ္ဂအား သတိပေးပြောကြားခဲ့ခြင်း

 

Sputniknews; Apr-22(Fri)

              ဥရောပသမဂ္ဂအနေဖြင့် ၎င်းတို့နိုင်ငံအား အနောက်နိုင်ငံများ၏ လမ်းကြောင်း အတိုင်းလိုက်နာရန်နှင့် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ရန်အတွက် ခြိမ်း ခြောက်ခြင်းနှင့် ဖိအားပေးဆောင်ရွက်ခြင်းများ မပြုလုပ်ရန် ဆားဘီးယားသမ္မတ အလက်ဇန္ဒားဘူစစ် (Alexander Vucic) က ဧပြီလ ၂၁ ရက်တွင် သတိပေးပြောကြား ခဲ့ကြောင်း Sputniknews သတင်းဌာနက ဧပြီလ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါသတိပေးပြောကြားမှုသည် ဥရောပလွှတ်တော်၏ ဥပဒေမူကြမ်းတစ်စောင်တွင် ဆားဘီးယားနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့သို့ ဝင်ရောက်မည်ဆိုလျှင် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ စတင်ဆောင်ရွက်ရမည်ဟူသော တောင်းဆိုသတ်မှတ်ချက်ကို ရည်ညွှန်း၍ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဘူစစ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့နိုင်ငံအနေဖြင့် ဥရောပနိုင်ငံများနည်းတူ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းမရှိသည့်အတွက် အရေးယူခြင်းများခံရမည်ဆိုလျှင်လည်း လက်ခံနိုင်ကြောင်းနှင့် အခြားနိုင်ငံများ လုပ်ဆောင်ခြင်းမရှိသည့် စည်းမျဉ်းများကိုလည်း လိုက်နာလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

              ဆားဘီးယားနိုင်ငံသည် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိသည့် တစ်ခုတည်းသောဥရောပနိုင်ငံအဖြစ် ကျန်ရှိနေကြောင်း ဘူစစ် က ပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံအတွင်း၌ ယူကရိန်းဆန့်ကျင်ရေး၊ သို့မဟုတ် ရုရှား ဆန့်ကျင်ရေးလှုပ်ရှားမှု မရှိသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိကြောင်း  ပြောကြား ခဲ့ပါသည်။ ယူကရိန်းနိုင်ငံအတွင်း ရုရှား၏ အထူးစစ်ဆင်ရေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရုရှားအပေါ် ဆောင်ရွက်နေသည့် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများတွင် ပါဝင်ဆောင်ရွက်ရန် အနောက်နိုင်ငံများ၏ ဖိအားပေးမှုများကြောင့် ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန်စီစဉ်ထားသည့် ရည်မှန်းချက်ကို ပြန်လည်စဉ်းစားသုံးသပ်သင့်ကြောင်း ဆားဘီးယားပြည်ထဲရေးဝန်ကြီး အလက်ခ်ဇန္ဒားဘူလင် (Aleksandar Vulin) က ယခု သီတင်းပတ်အစောပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်တွင် ဘူစစ်၏ အထက်ပါ သတိပေးပြောကြားမှုထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ဆားဘီးယားနိုင်ငံအနေဖြင့် ရုရှားနိုင်ငံအား ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council - UNHRC) အဖွဲ့ဝင်အဖြစ် ဆိုင်းငံ့ရေးဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ခြင်းသည် ၎င်းတို့အပေါ် အနောက်နိုင်ငံများက ခြိမ်းခြောက်ဖိအားပေးမှုများကြောင့် ဆောင်ရွက်ခဲ့ ရခြင်းဖြစ်သည်ဟု ဘူစစ်က ယခုလအစောပိုင်းတွင် ပြောကြားထားခဲ့ကြောင်း သိရှိရ ပါသည်။ 

No comments:

Post a Comment