Anadolu Agency; May-16 (Mon)
ဆွီဒင်နိုင်ငံသည် NATO အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားရန်ကိစ္စနှင့်ပတ်သက်၍ တူရကီနိုင်ငံသို့ သံတမန်အဖွဲ့စေလွှတ်မည်ဖြစ်ကြောင်း ဆွီဒင်အစိုးရက မေလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ NATO အဖွဲ့သို့ဝင်ရောက်မည့် ဆွီဒင်အာဏာရဆိုရှယ်ဒီမိုကရက်တစ် အစိုးရ၏ ဆုံးဖြတ်ချက်ကို ဆွေးနွေးရန်အတွက် သံတမန်အဖွဲ့အား မကြာမီစေလွှတ် မည်ဖြစ်ကြောင်း ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး အန်လင်းဒီ (Ann Linde) က အတည်ပြု ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံသည် ဆွီဒင်၏ ဆုံးဖြတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ဆွီဒင်လူမျိုးများသည် နာဇီများဖြစ်ကြောင်းမဟုတ်မမှန် လုပ်ကြံမှုများ ပြုလုပ်ခဲ့သည် ဟုလည်း အန်လင်းဒီက ဆက်လက်ပြောကြားခဲ့ပါသည်။
ထို့ပြင် ရုရှားနိုင်ငံသည် ဆွီဒင်နိုင်ငံအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်လာမည်ဖြစ်ပြီး နယ်စပ်တွင် တပ်လှုပ်ရှားမှုများ ရှိလာနိုင်ကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ဆွီဒင်အစိုးရသည် လွှတ်တော်တွင် လက်ယာယိမ်း ပါတီ၏ ထောက်ခံမှုနှင့်အတူ NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားရန် မေလ ၁၄ ရက်တွင် ဆုံးဖြတ်ခဲ့ပါသည်။ အထက်ပါလုပ်ဆောင်မှုသည် ဆွီဒင်နိုင်ငံ၏ လုံခြုံရေးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝန်ကြီးချုပ် မက်ဂ်ဒါနာအန်ဒါဆန် (Magdalena Andersson) က ပြောကြားခဲ့ပါသည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် မေလ ၁၈ ရက် နောက်ဆုံးထား၍ NATO အဖွဲ့ဝင်အဖြစ် တရားဝင်လျှောက်ထားရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကတည်းက အမေရိကန်ဦးဆောင်သော NATO အဖွဲ့သို့ ဝင်ရောက်ခဲ့သော တူရကီသည် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ NATO အဖွဲ့ဝင်ဖြစ်ရေးကို ကန့်ကွက်ခဲ့ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကာ့ဒ်စစ်သွေးကြွအဖွဲ့ PKK နှင့် YPG အပါအဝင် အမေရိကန်အခြေစိုက် အစ္စလာမ္မစ်ဘာသာရေးခေါင်းဆောင် Fethullah Gulen ၏ နောက်လိုက်များအား တူရကီအစိုးရက အကြမ်းဖက်ဟု ယူဆရသည့်အဖွဲ့အစည်းများ ဖြစ်ပြီး ၎င်းအဖွဲ့များကို ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့က ထောက်ပံ့မှုပြုလုပ်နေခြင်းကြောင့် ဖြစ်ပါသည်။ Nordic ဒေသနိုင်ငံနှစ်နိုင်ငံဖြစ်သော ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့အနေဖြင့် တူရကီမြေပေါ်ရှိ ကာ့ဒ်စစ်သွေးကြွအဖွဲ့များအား ထောက်ပံ့နေမှုများ ရပ်ဆိုင်းရန်နှင့် အချို့သောလက်နက်များ တူရကီနိုင်ငံသို့ ရောင်းချမှုအား ပိတ်ပင်ထားခြင်းကို ပယ်ဖျက် ပေးရန် တူရကီနိုင်ငံက မေလ ၁၅ ရက်တွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ကျင်းပခဲ့သည့် နေတိုးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တောင်းဆိုခဲ့ပါသည်။ NATO အဖွဲ့ဝင်သစ်အား လက်ခံရာတွင် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်ရရှိမှသာလျှင် အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံရန် NATO အဖွဲ့မှ မူဝါဒထားရှိပါသည်။ သို့ဖြစ်၍ ဆွီဒင်နိုင်ငံ သည် NATO အဖွဲ့ဝင်ဖြစ်ရေးကိစ္စနှင့်ပတ်သက်၍ တူရကီနှင့် ဆွေးနွေးမှုများအား ပြုလုပ်ရန် ၎င်း၏ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဆွီဒင်နိုင်ငံအနေဖြင့် တူရကီနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းပြီး တူရကီ၏ တောင်းဆိုချက်များကို လိုက်လျောပေးနိုင်မှသာ ဆွီဒင်၏ NATO အဖွဲ့ဝင်ဖြစ်ရေး မျှော်လင့်ချက်မှာ ဖြစ်ပေါ်လာနိုင်စရာရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:
Post a Comment